Tuesday, January 27, 2026

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု စစ်ခေါင်းဆောင်ထပ်ပြော

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်းပြောဆိုလိုက်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက်နေ့က ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းတွင် ပြုလုပ်သည့် ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲ၌ ထိုကဲ့သို့ စစ်အာဏာသိမ်းခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကြုံတွေ့လာသည့် ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေး ပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ်ကြောင်း ဆိုသည်။

ထို့အပြင် လက်နက်ကိုင် အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်း ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရပြီး တိုက်ပွဲများ ရှုံးနိမ့်နေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာသည့်နည်းဖြင့် ဆောင်ရွက်ရန် မကြာခဏဆိုသလို ပြောဆိုလေ့ရှိသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် အာရက္ခတပ်တော် AA အပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် မိမိတို့၏ လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆို၍ မရနိုင်သဖြင့် လက်နက်စွန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်တွင်လည်း ၎င်းက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...