တိတ်ဆိတ်မှုတွေနဲ့ ပီမိုင်တိုင်း

“မႂ်ႇသုင်ၶႃႈ ပီႈၼွင့်ႁဝ်းၶဝ်” (မိုင်ဆုန်ခ ပီနောင့်ဟောဝ်းခေါင်) လို့ စုပေါင်း ဟစ်ကြွေးလိုက်ပြီး နောက်မှာတော့ သျှမ်းနှစ်သစ်ကူး တေးသီချင်းများကို စတင်သီဆိုကြသည်။

သျှမ်းနှစ်သစ်ကူး မရောက်ခင် တစ်ပတ်အကြိုခန့် ကတည်းကပင် နှစ်သစ်ကူးကို ကြိုဆိုကြရန်အတွက် အိမ်တိုင်း ပြင်ဆင်ကြလေသည်။

သီချင်းများ သီဆိုရန်အတွက် အိုးစည်ဝိုင်းငှားရမ်းခြင်း၊ သီဆိုသူများကို ကျွေးမွေးရန်နှင့် ကြိုဆို ဖိတ်ခေါ်အိမ်များကို စာရင်းပြုစုခြင်း၊ အလှူခံငွေများကို သုံးစွဲဖို့ရာ စီစဉ်ကြခြင်း စသဖြင့် ရပ်ကွက် အလိုက် လူကြီးလူငယ် ပျိုပျိုအိုအို ကလေး အစ တက်တက်ကြွကြွ ပါဝင်နေကြလေသည်။

အိုးစည်ဝိုင်းများကတော့ နေ့လည်လောက်က စတင်ကာ အသံစမ်းကြလေသည်။ မိုက်စမ်းကြလေသည်။ အိုးစည်ဝိုင်းမှာ နှစ်စဉ် ပါဝင်နေကြ အသက်ကြီး အဆိုတော် သျှမ်းအမျိုးသမီးကြီးများလည်း ပါဝင်သည်။ အသံများက ချိုသာသည်။ သျှမ်းသီချင်းများကို ပီပီသသနဲ့ ရင်ခေါင်းသံ ပါအောင် သီဆိုကြသည်။

ဖိတ်ခေါ်အိမ်များကလည်း လာရောက် သီဆိုဂါရဝပြုမည့် သူများကို ကျွေးမွေးဖို့ရာအတွက် မနက်ခင်းကတည်းက အလုပ်ရှုပ်နေကြသည်။ တစ်အိမ်က တို့ဟူးနွေး၊ တစ်အိမ်က ကြာဇံချက်၊ နောက်တစ်အိမ်က ဆီချက်၊ နောက်တစ်ခါက ခေါက်ယာဂု စသဖြင့် အကျွေးအမွေး အမယ် မထပ်စေရန် အတွက် အိမ်ရှင်မများ ခေါင်းစား နေကြသည်။

စစ်ကောင်စီလေကြောင်းကြောင့် ပျက်စီးသွားသည့် လားရှိုးအရပ်သားနေအိမ်များ

ဖိတ်ခေါ်အိမ်က ကျွေးမွေးဖို့ရာအတွက် ပတ်ဝန်းကျင် အိမ်နီးနားချင်းများကလည်း စုပေါင်း ပါဝင် လုပ်ဆောင် ပေးနေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရယ်သံများဖြင့် ဆူညံနေကြသည်။

တစစ မိုးမှောင်လာတာနဲ့အတူ ချမ်းအေးလှတဲ့ ဆောင်းလေ ကို ခံနိုင်ရည်ရှိဖို့ရာ ခြေအိတ်၊ လက်အိတ်များ၊ ဦးထုတ်များနဲ့ အရောင်အသွေး စုံလှတဲ့ အနွေးထည် ထူထူကြီးတွေကို ဝတ်ပြီး တုတ်ဆူး (မီးရှူးခံ) ထွက်ဖို့ရာ တာဆူနေကြလေ သည်။

အိုးစည်သံသဲ့သဲ့ လင်းကွင်းသံ သဲ့သဲ့ အသံကပင် ဆောင်းလေနဲ့ အတူ တစ်ကိုယ်လုံး လှုပ်ခါရမ်းလျှက် ရှိနေသည်။ ညဉ့်နက်လျှင် အိပ်နှင့်ကြဖို့ အိမ်သားတွေကို မှာထားကြသည်။ အိမ်သားတွေကလည်း အနွေးထည် ထူထူဝတ်ကြဖို့ရယ်နှင့် ခြေညှပ်ဖိနပ် စီးရန် တိုက်တွန်းကြသည်။

အိုးစည်သံများ နီးကပ်လာသည် နှင့်အမျှ အပြုံးများကနေ တဆင့် ရယ်သံတွေ အဖြစ် ပြောင်းလဲသွားသည်။ နှုတ်ကနေလည်း သျှမ်းသီချင်းများကို တစ်ပိုင်းတစ်စ ညည်းနေလေသည်။

လက်ခုပ်သံများက အိုးစည်သံများနဲ့အတူ စည်းချက်ကျနေသည်။ ဓားသိုင်းအက၊ တိုးနယား ကသူတွေအကြား ဝင်ရောက် က ကြလေသည်။ သီချင်း မရကြတဲ့ သူတွေက စာရွက်လေးတွေ ကိုယ်စီကိုင်ကာ လိုက်ဆိုနေကြသည်။

ဘာသာမတူ လူမျိုးမတူသူ ဒေသခံတွေကလည်း ခေါင်းများ ယမ်းခါကာ ပါးစပ်လှုပ် ကိုယ်လှုပ်ကာ က ကြသည်။ ဝိုင်းပတ်ကာ က ကြသည်။ တစ်အိမ်ဝင် တစ်အိမ်ထွက် သီဆို ကပြကာ ဆုတောင်းကြသည်။

သိန္နီထိခိုက်ပျက်စီးမှု

“နောင်ဗိန်နောင် … နောင်ဗေနောင်”သီချင်းသည် လေနဲ့အတူ ဝေ့ကာ အိမ်နီးချင်း၊ ရပ်ကွက်တွေကို ပျံ့နှံ့ကြလေသည်။ ထိုအရာကို တုတ်ဆူး (မီးရှူးခံ) ထွက်ခြင်းဟု ခေါ်သည်။ ဖိတ်ခေါ်အိမ်များကို ဂါဝရပြုကာ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးပြီး ဆွေမျိုးသားချင်းသဘော ဆောင်သည်ဟု ဆိုသည်။

လာရောက်ဂါဝရ ပြုသူများကို အိမ်ရှင်များက အလှူငွေ ထည့်ဝင်ကြသည်။ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံကြသည်။ တစ်အိမ်မှ နောက်တစ်အိမ်၊ နောက်တစ်အိမ်မှ နောက်တစ်အိမ်ဖြင့် တစ်ပတ်တာလုံး စည်ကားလျှက်ရှိသည်။

ထို မီးရှူးခံထွက်ပြီးနောက်ပိုင်းသျှမ်းနှစ်သစ်ကူးပွဲကို ကျင်းပဖို့ တာဆူပြီး ပြင်ဆင်နေကြသည်။

အင်္ဂလိပ် သက္ကရာဇ် ခရစ်နှစ်အရ ဆိုရင်တော့ ယခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ ည ၁၂ နာရီနှင့် ၁ မိနစ်၊ ဒီဇင်ဘာ ၁ ရက်အကူးနေ့သည် သျှမ်းနှစ်သစ်ကူးပွဲတော် “ပီမိုင်တိုင်း” ပါပဲ။

ဒီနှစ် နတ်တော်လဆန်း ၁ ရက် သျှမ်းနှစ်သစ်ကူးနေ့သည် ၂၁၁၉ နှစ်မြောက် ဖြစ်ပြီး “မြွေ”နှစ်ကို ချဉ်းနင်းရောက်ရှိလာပါပြီ။

သျှမ်းလူမျိုးတွေဟာ ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့ ရှိလာတာ နှစ်ပေါင်း ၂၁၁၉ နှစ် ရှိပါပြီ။

သျှမ်းနှစ်သစ်ကူးနေ့တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ရိုးရာအစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြသည်။ နှစ်သစ်ကို ကြိုဆိုကြသည်။ ဖယောင်းတိုင်မီးများဖြင့် ထွန်းညှိပူဇော်ကြသည်။ မီးပုံပွဲ အလည်မှာ ထားကာ ဆုတောင်းကြသည်။

လူကြီးလူငယ် အသက်အရွယ် အပိုင်းအခြားမရှိ အားလုံး ဝိုင်းဖွဲ့သီဆို ကကြသည်။ အိုးစည်သံများက ရပ်နားသွားခြင်းမရှိ။ တစတစ ကျယ်လောင်လာသည်။ တောက်လောင်နေသည့် မီးပုံကြီးကို ဝန်းရံထားကာ ချမ်းအေးလှတဲ့ ဆောင်းဒဏ်ကို လှုပ်ရှားမှုများဖြင့် တွန်းကန်ထားလေ သည်။

နှစ်သစ်ကူးနေ့မှာ သက်ကြီးရွယ်အိုတွေကို ဂါဝရပြုတာ၊ သျှမ်းသူရဲကောင်းတွေကို ဘွဲ့တံဆိပ် ချီးမြှင့်တာ၊ ဂီတစာပေ အနုပညာရှင်များကို ဆုပေးတာ၊ စီးပွားလာဘ်လာဘ တိုးပွားအောင် ဆုတောင်းပေးတာ စသည့် အစဉ်အလာတွေနှင့် ကျင်းပခြင်း ဖြစ်သည်။ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၊ မြို့နယ်တိုင်း အစဉ်အလာ မပျက်ခဲ့ကြပေ။

“အိုးစည်သံ သဲ့သဲ့တော့ ကြားနေရတယ်၊ ဟိုး … ဘက် ရွာတွေဘက်က နေမှာပါ၊ ဒီဘက်မြို့တွေ မှာတော့ မလုပ်ကြတော့ပါဘူး၊ အကုန်လုံး မည်းမှောင်တိတ်ဆိတ်နေတာပဲ”ဟု နှစ်ပေါင်း ၃၀ ကျော်ကြာ ပီမိုင်တိုင်းပွဲကို မလွတ်တမ်း ပါဝင်ခဲ့သူ နန်းမိုခမ်းက ဆိုလေသည်။

ယခုနှစ်မှာတော့ စစ်မီးဒဏ်တွေကြောင့် သျှမ်းပြည်တဝှမ်းလုံးမှာ သျှမ်းနှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်အောင် မကျင်းပနိုင်ခဲ့ပါဘူး။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်၊ မည်းမှောင်နေသည်။ အချို့အိမ်များသည် အုတ်ပုံကြီးအဖြစ် အသွင်ပြောင်းနေသည်။ အိမ်တိုင်များက မီးလောင်တာတွေကြောင့် မည်းနက်နေသည်။ အချို့အိမ်တွေက ကွဲအက်နေတဲ့ မှန်ပြတင်း တံခါးတွေကို တိတ်တွေနှင့် ကပ်ထားကြသည်။

အချို့အိမ်တွေကတော့ ပေါက်ပြဲနေတဲ့ ခေါင်မိုးတွေကို တာလပတ်ကြီးများနဲ့ အုပ်မိုးထားသည်။ အချို့အိမ်တွေကတော့ လူမနေဘဲ အလွတ်ကြီး ဖြစ်နေကြသည်။ တိုက်ခတ်လာတဲ့ ဆောင်းလေငြင်းဒဏ်ကို စောင်ပါးလေးနဲ့ ကာကွယ်ထားကြသည်။ ကြမ်းကြား တံခါးကြားက တိုးဝင်လာတဲ့ ဆောင်းလေကို လူကြားထဲ မဝင်လာအောင် ခန္ဓာကိုယ်ချင်း ပူးကပ်ထားကြရသည်။

အသက်ကြီးကြီး လူအိုတွေ ငေါင်စင်းစင်း ထိုင်နေကြပြီး ကောင်းကင်ကြီးကို မော့ကြည့်နေကြသည်။ သက်လတ်ပိုင်း လူတွေကတော့ နေ့စဉ် စားဝတ်နေရေးအတွက် စိုက်ထားတဲ့ သီးနှံတွေကို တပိုင်တနိုင် ရောင်းချနေကြရသည်။

သွားခပ်သုတ်သုတ် စားခပ်သုတ်သုတ်ဖြင့် မျက်နှာများက ဝမ်းနည်းပူဆွေးမှုနှင့် စိုးရိမ်သောက ကိုယ်စီဖြင့်။ လူငယ်တွေကတော့ မရှိကြတော့ပါ။ အချို့တွေကတော့ မိသားစု စုံစုံညီညီ ရှိနေကြသည်။

သို့သော် ကိုယ့်ရပ်ရွာ ကိုယ့်နေအိမ်မှာ မဟုတ်ကြ။ အချို့က တဘက်နိုင်ငံမှာ၊ အချို့က တခြား မြို့ရွာမှာ၊ အချို့ကတော့ ဒုက္ခသည်စခန်းတွေမှာ၊ အချို့က ဆေးရုံမှာ။

“မနက်ဆို ရှိနိုင်တဲ့ အလုပ်လေး ပြေးရှာ၊ ပြေး ဈေးရောင်း။ ဟိုက ဒီက ခေါ်ရင်လည်း ကြံပဲ ချိုးရ ချိုးရ၊ ပေါင်းပဲ နုတ်ရ နုတ်ရ နဲ့ ပီမိုင်တိုင်းကိုတောင် မေ့နေတယ်။ သမီးဖြစ်သူက ဖုန်းဆက်လာမှ ‌ဪ … ဟုတ်သားပဲ ဆိုပြီး သတိရတာ”ဟု နန်းမိုခမ်းက ဆိုသည်။

နှစ်စဉ် ပီမိုင်တိုင်း သျှမ်းနှစ်သစ်ကူးမတိုင်ခင် အိမ်ပြန်လာတတ်သည့် သမီးဖြစ်သူ၏ နှုတ်ဆက်စကားသံတွေထဲ အိမ်လွမ်းကြောင်း ပြောဆိုမှုကြောင့် နန်းမိုခမ်းတစ်ယောက် ငိုကြွေးမိကြောင်း ပြောပြသည်။

ပီမိုင်တိုင်းဆိုလျှင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသည့် သမီးဖြစ်သူက အမြဲ အိမ်ပြန်လာတတ်ပေမယ့် ဒီနှစ်တော့ အိမ်မပြန်နိုင်ခဲ့ကြောင်းလည်း ပြောပြသည်။

ခေတ္တ ခဏ အိမ်မပြန်နိုင်တော့သည့် လူများစွာ ရှိနေသည်။ အချို့ကတော့ ယာယီ အိမ်မပြန်နိုင်ပေမယ့် အိမ်ပြန်ဖို့ကို မျှော်လင့်တောင့်တနေကြသည်။ အချို့တွေကတော့ တသက်တာ အိမ်မပြန်နိုင်ကြတော့။ မိသားစုနှင့် တသက်စာ ကွဲကွာသွားကြလေပြီ။ ရှင်ကွဲ ကွဲသူ၊ သေကွဲ ကွဲသူများ များပြားလာသည်။

အိုးစည်သံတွေ အစား သေနတ်သံများ နေရာယူထားလေသည်။ မီးပုံပွဲ အစား မီးတောက်ကြီးများ တောက်လောင်နေသည်။ ဒါပေမယ့် သျှမ်းပြည်မြောက်ပိုင်းမှာတော့ သီချင်းသံတွေ အစား ငိုကြွေးသံတွေ ဖုံးလွှမ်းနေသည်။

“ႁႂ်ႈယူႇလီ မီးငိုၼ်းၵၼ်သေၵမ်းၶႃႈ” (ဟိုင့်ယူလီ မီးငင်းကန်ဆေကမ်းခ)

နန်းလောဝ် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...