TNLA ထိန်းချုပ် နမ့်ခမ်းမြို့ ယာမဆေးကြောင် အမျိုးသားက ၎င်းဇနီးကို ဓားထိုး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် မန်ခမ်းရပ်ကွက်နေ ယာမဆေးကြောင်သည့် အမျိုးသားသည် ၎င်း၏ ဇနီးကို ဓားထိုးခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) နံနက် ၇ နာရီခွဲခန့်တွင် TNLA ထိန်းချုပ်သည့် နမ့်ခမ်းမြို့ မန်ခမ်းရပ်ကွက်နေ အသက် (၅၂) နှစ် အရွယ်ရှိ စိုင်းအုံးဖေသည် ယာမဆေးကြောင်ပြီး ဇနီးဖြစ်သူ အသက် (၄၈) နှစ် အရွယ်ရှိ နန်းရွှေငြိမ်ကို နေအိမ်တွင် ဓားထိုးမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“မန်ခမ်းဘက်မှာ ယောကျ်ားက ယာမဆေးကြောင်ပြီး မိန်းမကို ဓားနဲ့ထိုးတာ၊ သူ့မိန်းမက အိမ်မှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ခုလိုအချိန် စစ်ဖြစ်တဲ့အချိန် ဓားခုတ်မှုဖြစ်တာ နမ့်ခမ်းမှာ ပထမဆုံးပဲ”ဟု ဖြစ်စဉ်သိရှိသူ နမ့်ခမ်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားထိုးမှု ကျူးလွန်ခဲ့သည့် စိုင်းအုံးဖေကို ရပ်ကွက်နေပြည်သူများနှင့် TNLA ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဖမ်းဆီးထားနိုင်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်ထားသော်လည်း လက်ရှိအချိန်ထိ ယာမဆေးပြား၊ မူးယစ်ဆေးဝါးသည် လျော့ကျမှု မရှိသကဲ့သို့ KTV နှင့် ဘား (အရက်)ဆိုင်များလည်း ပိုများလာကြောင်း နမ့်ခမ်းဒေသခံများ ပြောပြချက်အရသိရသည်။

SSPP နမ့်ခမ်းမြို့ထဲဝင်ရောက်

ယခုကဲ့သို့ ယာမဆေးကြောင်ပြီး ဓားထိုးမှုသည် “၁၀၂၇ စစ်ဆင်ရေး”ပြီးနောက် ပထမဆုံးဖြစ်ကြောင်း သိရပြီး ဒေသအတွင်း မူးယစ်ဆေးဝါး ပေါများလာခြင်းကြောင့် ရပ်ကွက်နေပြည်သူများ၏ တန်ဖိုးကြီး ပစ္စည်းများ ခိုးယူခံရပြီး ပျောက်ဆုံးခြင်းများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုတလော ပစ္စည်းခိုးတာ ပျောက်တာတွေလည်း ရှိတယ်။ ကားပျောက်ရင် ၇ ရက်၊ တစ်ပတ် မကြာခဏ အဲ့လိုဖြစ်တာ။ အခုနမ့်ခမ်းမှာက KTV အကြီးတွေ ပေါ်လာပြီး များလာတော့ အဲ့မှာ ယာမဆေးပြားတွေလည်း ရနေတယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို TNLA အုပ်ချုပ်ရေးဌာနမှ အောက်တိုဘာလ (၂၄) ရက်မှ နိုဝင်ဘာလ (၉) ရက်နေ့အထိ သုံးပတ်ကြာ အုပ်ချုပ်ရေးမှူးသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...