မူဆယ်မြို့ အမည်မသိလက်နက်ကိုင် ROXY KTV အနား ဗုံး၂လုံးပစ်သွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ ROXY KTV အနား ဗုံး၂လုံးလာပစ်သွား ပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၃၀)ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင်
အမည်မသိနက်လက်ကိုင်တပ်ဖွဲ့ မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည ၇နာရီခွဲအချိန်မှာ ဘယ်လက်နက်ကိုင်လည်းတော့မသိဘူး မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားတယ် တစ်လုံးက ပေါက်သွားတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးဘူး”ဟု ၎င်းကပြောသည်။

ထို့ ဗုံး ၂ လုံးတွင် တစ်လုံးပေါက်ကွဲပြီး ကျန်သည့်တစ်လုံးကို မူဆယ်ပြည်သူစစ်အဖွဲ့က ည ၈ နာရီအချိန် ထုတ်ဖယ်ဖောက်ခွဲလိုက်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ပစ်လိုက်တဲ့ ၂လုံးက ၁လုံးက ပေါက်သွားတယ် ကျန်တဲ့တစ်လုံးတော့ မူဆယ်ပြည်သူစစ်တွေ ည၈နာရီ ထုတ်ဖယ်ဖာက်ခွဲလိုက်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၁၈ ရက်) နံနက် ၈ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် အောင်မေတ္တာရပ်ကွက်ရှိ တရုတ်လူမျိုး နေအိမ်တစ်အိမ်ကို အမည်မသိ လက်နက်ကိုင်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာပြီး နေအိမ်ထဲသို့ လက်ပစ်ဗုံး ပစ်ထည့်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ယူနန်ပြည်နယ်အကြား တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်၊ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင်လည်း အောက်တိုဘာလ (၂၅) ရက်မှ စတင်ပြီး တရုတ်ဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

အလုပ်သင် သတင်းထောက်က နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...