တောင်ကြီး တန်ဆောင်တိုင်အတွင်း ဟိုတယ်နှင့် တည်းခိုခန်း ဘိုကင်ပြည့်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်နှင့်တည်းခိုခန်း ဘိုကင် ပြည့်နေ့ကြောင်း စုံစမ်းသိရှိရပါသည်။

နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ စစ်ကောင်စီက တောင်ကြီးတန်ဆောင်တိုင်ကို လာမည် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်အလိုက် မီးပုံးပျံ ပညာရှင်များလည်း အတူပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ 

တန်ဆောင်တိုင်ပွဲတော်အတွင်း  ဟိုတယ်အခန်းများ လူပြည့်နေသည့်အပြင် အခန်းခများလည်း ဈေးမြင့်တက် နေကြောင်းလည်း တောင်ကြီးမြို့တွင်း ဟိုတယ်ဝန်ထမ်း တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“အကုန်ပြည့်နေပြီး တစ်ခန်းမှ မကျန်တော့ဘူး။ တန်ဆောင်တိုင် ၉ ရက်နေ့ကနေစပြီး ၁၅ ရက်နေ့အထိ လုံးဝ မရတော့ဘူး။ နှစ်ယောက်အိပ်ဆို၂ သောင်း ဝန်းကျင်။ ၆၈၀၀၀ကျပ် ကနေစရှိတယ်။ နိုဝင်ဘာလကစပြီး အဲဒါက မူရင်းဈေး ဖြစ်တော့မှာ ။ စုံစမ်းရသလောက်ကတော့ ဟိုတယ်အကုန်ပြည့်နေပြီ။”  ဟု၎င်းက ဆိုသည်။ 

တောင်ကြီးတန်ဆောင်တိုင်

တောင်ကြီး ဟိုတယ်များတွင် တည်းခိုမည့်သူများသည် ဧည့်စာရင်း တိုင်ကြား ရမည်ဖြစ်ပြီး ယခင်နှစ်များကဲ့သို့ ဓာတ်ပုံနှင့်တကွ တာဝန်ရှိသူများထံ ပို့ဆောင်ရမည်ဟု ၎င်း ဝန်ထမ်း တစ်ဦးက ပြောသည်။

တောင်ကြီးမြို့သည် ကရင်နီနှင့် သျှမ်းမြောက်ဘက် စစ်ဘေးရှောင်များအပြင် သျှမ်းတောင်အတွင်း တိုက်ပွဲ ဖြစ်ပွားသည့် ဒေသများမှလည်း လာရောက် ရှောင်တိမ်းနေကြသည့် ဒေသဖြစ်သည်။ 

“ ဟိုတယ် ဘိုကင် လာလုပ်တဲ့သူက ပြည်မ ဖက်ကလူတွေများတယ်။ သျှမ်းပြည်ကမဟုတ်တာတော့ သေချာတယ်။ ခုချိန်က ပွဲငတ်နေတော့။သျှမ်းပြည်ကဆို စစ်ရှောင်နေကြတယ်လေ။ သူတို့တောင်အနိုင်နိုင် သူတို့တော့ ဟိုတယ် ငှားမှာ မဟုတ်ဘူး။” ဟု ဟိုတယ်တွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် ပွဲတော်ရက်နီးလာသည်နှင့်အမျှ လိုင်စင်မရှိသည့် ကားနှင့် ဆိုင်ကယ်များကိုပါ ဖမ်းဆီးမှု လုပ်ဆောင်လာနေပြီး လက်ရှိတောင်ကြီးမြို့အဝင်အထွက်နှင့် ဂိတ်များတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာနေကြသည်။

အလုပ်သင် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...