ကလောမြို့၌ ယမ်းပေါက်ကွဲ၍ သံဃာ ၂ ပါးနှင့် လူ ၃ ဦး ဆေးရုံရောက်သွား

သျှမ်းတောင်၊ ကလောမြို့၊ ရပ်ကွက် (၃) ရှိ ရွာသစ် ဘုန်းကြီးကျောင်းတွင် ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲခန့်က ယမ်းပေါက်ကွဲမှု ဖြစ်ပွားရာ သဃာတော် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိသဖြင့် ကလောဆေးရုံသို့ ပို့လိုက်ရကြောင်း မြို့ခံ တစ်ဦးက ပြောသည်။

ရေဘေးဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရသည့် နာမည်ကျော် ကလောမြို့တွင် တန်ဆောင်တိုင်ပွဲ ကျင်းပရန် ပြင်ဆင်မှု အဖြစ် မီးရှူးမီးပန်းများ အတွက် ယမ်းစပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကျောင်းဆောင် ကြမ်းခင်း ပွင့်ထွက်သွားကြောင်း ဆိုသည်။

“ယမ်းထောင်း ယမ်းစပ်တာကနေ ပေါက်ကွဲတာ။ ဦးပဇင်း ၂ ပါးနဲ့ လူ ၃ ယာက် ဒဏ်ရာရတယ်။ ဦးပဇင်းတပါးက ခြေထောက်ကျိုးသွားတယ်။ အခု ကလောဆေးရုံမှာ။ အသက်တော့ မစိုးရိမ်ရဘူး ပြောတယ်” ဟု မြို့ခံက ရှင်းပြသည်။

ယမ်းပေါက်ကွဲသံ ကျယ်လောင်မှုကြောင့် မြို့ခံများ ထိတ်လန့်တကြား ဖြစ်ခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ ရွာသစ် ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင် ဆရာတော် မွေးနေ့ အကြို အဖြစ် ယခုရက်ပိုင်း ခြင်းခတ်ပွဲများလည်း ကျင်းပနေကြောင်း သိရသည်။

“တနိုင်ငံလုံးက နာမည်ကြီး ခြင်းသမားတွေ ရောက်နေတယ်။ တယောက်ချင်း၊ နှစ်ယောက်တွဲ အဲလိုမျိုး ခြင်းပွဲတွေလုပ်နေကြတာ။ လောင်းကြေးက တော်တော်ကြီးတယ်” ဟု ဘုန်းကြီးကြောင်း အနီး နေထိုင်သူ တဦးက ဆိုသည်။

လက်ရှိတွင် ရေဘေး သတင်းများကြောင်း ကလောမြို့ရှိ ဟိုတယ် အများစု ဧည့်သည်မရှိဘဲ ဟောင်းလောင်း ဖြစ်နေကြောင်း မြို့ခံများက ပြောဆိုသည်။

ရေဘေးကြောင့် ကလောမြို့လယ်ခေါင် ရပ်ကွက် (၄) တရပ်ကွက်လံုးသာမက ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) အတွင်းရှိ ကလောချောင်းဘေး နေအိမ်များ ရေနစ်မြုပ်ခဲ့သော်လည်း ကျန် ရပ်ကွက် ၈ ခု ထိခိုက်မှု မရှိကြောင်း၊ ကလောမြို့တွင် ဟိုတယ် ရာချီရှိသည့် အနက် ဟိုတယ် ၂ လုံး အောက်ထပ် ရေဝင်မှုသာ ရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...