သီပေါမြို့ လုံခြုံရေးကင်းမဲ့ နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရ

သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် သူခိုးများ သောင်းကျန်းလာပြီး ပြည်သူနေအိမ်များ ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရကြောင်း ဒေသခံများက ပြောသည်။

“တချို့လည်း ပြန်ကြတယ်၊ အိမ်သန့်ရှင်းရေး ပြန်လုပ်ကြတာပေါ့။ တချို့ကြလည်း မပြန်ရင် အိမ်သိမ်းမယ်ဆိုတဲ့ ကောလာဟလတွေ ယုံပြီး ပြန်ကြတဲ့လူလည်း ရှိတာပေါ့။ လူမနေတဲ့အိမ်ဆိုရင်တော့ သူခိုးဝင်ဖောက်ခံရတယ်၊ တုံစင့်ဘက်က ကျနော့်အိမ်လည်း ပစ္စည်းခိုးခံရတယ်။ အထဲက ပစ္စည်း အကုန်ဝင်မွှေသွားတာ”ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဩဂုတ်လတွင် စစ်ရေးပြန်လည် ပြင်းထန်ခဲ့သည့် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်များကို TNLA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ၂ လကျော်အတွင်း မြို့နေလူထု ထက်ဝက်ကျော်မှာ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၎င်းစစ်ဘေးရှောင်ပြည်သူများသည် လေကြောင်းဗုံးအန္တရာယ် စိုးရိမ်မှုကြောင့် နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“စိတ်ပူတာကတော့ အိမ်မပြန်ရင်လည်း သူခိုးရန် ကြောက်ရတယ်။ ကိုးကွယ်တဲ့ ဘုရားဆင်းတုက အစ ဘုရားပန်းအိုး၊ အိပ်ယာ၊ ခေါင်းအုံးအထိ အကုန်လုံး ယူသွားကြတယ်။ အိမ်ပြန်နေရင်လည်း လေယာဉ်နဲ့ ဗုံးထပ်လာကြဲမှာ စိတ်ပူရတယ်၊ စိတ်ထဲ မလုံခြုံသလို ဖြစ်တယ်။ တစ်ရက်လောက် မြို့ထဲဝင် အိမ်ပြန်ကြည့်တာပဲ လုပ်တယ်၊ အိမ်မှာ မအိပ်ရဲဘူး”ဟု ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

လက်ရှိ သီပေါမြို့ပေါ် ရွှေဓားကျောင်းတိုက်၊ ရေဟော်ဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်းတို့တွင် စစ်ဘေးရှောင် (၁၀၀၀) ကျော် ဆက်လက်တိမ်းရှောင် ခိုလှုံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ် ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ (၃၃) ဦး သေဆုံးပြီး (၈၀) ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း (၂) ကျောင်းနှင့် ပြည်သူနေအိမ် (၄၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာလ (၁၅) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...