ထိုင်းနိုင်ငံမြောက်ပိုင်း ရေကြီးမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အခက်အခဲများစွာ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်အတွင်း ရေကြီးမှု ရုတ်တရက် ဖြစ်ပွားသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာ ၂၄ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းကာ ချင်းမိုင်မြို့တွင် နမ့်ပင်ချောင်းရေ မြင့်တက်လာပြီး အောက်တိုဘာ (၄)ရက်တွင် အနိမ့်ပိုင်းမြို့နယ်တွင်နေထိုင်သူများ ရေကြီးမှုကို ရုတ်တရက် ကြုံလာရသည်။

ထိုရေကြီးမှုကြောင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားကြုံလာရပြီး နေ့စားသမားများ အခက်အခဲအတွက် အခက်အခဲဖြစ်ရကြောင်း ရေဘေးသင့်ကြုံတွေ့ရသည့် စားသောက်ဆိုင်တွင် အလုပ်လုပ်သည့် အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပထမအကြိမ်တုန်းက ကျနော်တို့ မကြုံရဘူး။ ဒုတိယအကြိမ် အောက်တိုဘာ (၄)ရက်မှ ကျနော်တို့အိမ်လည်း မလွှတ်ဘူး။ အိမ်ထဲထိရောက်တယ်။ ပထမအကြိမ်ကလိုပဲ အိမ်ထဲထိမဝင်ဘူးထင်ထားတာ။ အားလုံးပါသွားတာပေါ့။” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ရေရုတ်တရက်မြင့်တက်လာပြီး နေအိမ်ထဲထိ ရေဝင်မည်ဆိုသည်ကို မသိရှိကြောင်း၊ အိမ်ထဲသို့ ရေဝင်မှုကြောင့် အသုံးအဆောင်ပစ္စည်းများရစရာပါ ဆုံးရှုံးရကြောင်း၊ တိုင်းတပါးတွင်နေထိုင်သည့်အတွက် သတင်းအချက်အလက်လည်း လက်လှမ်းမမီကြောင်းလည်း ၎င်းလူငယ်က ဆိုသည်။

“ အဓိက သူများနိုင်ငံမှာ ဘာသာစကားသတင်းအချက်အလက်မသိရတာပေါ့။ ချင်းမိုင်မှာ ရေကြီးတဲ့နေရာကများတော့ စဖြစ်ချင်းမှာ ကယ်ဆယ်ရေးအလှူရှင်တွေက မရောက်လာဘူး။ ကျနော်တို့ဘာသာ အိမ်ကနေထွက်ပြီး ရေးဘေးစခန်းမှာ သွားနေပေမယ့် လူများတော့ အသိအိမ်မှာပဲ အိပ်ရတယ်” ဟု ရေဘေးကြုံရသည့်လူငယ်က ထပ်လောင်းပြောသည်။

ရေကြီး၊ရေလျှံမှုတွေကြုံတွေ့ခဲ့ရသည့် အချို့ရွှေ့ပြောင်းအလုပ်သမားများသည် ရေဘေးရှောင်နေချိန်တွင် အလုပ်မဝင်နိုင်သဖြင့် အလုပ်ရှင်သူဌေးအား လုပ်အားခကို အပြည့်မပေးနိုင်သည့်အပြင် ပျက်ထားသည့်ရက်ကိုလည်း အစားထိုး ပြန်လုပ်ပေးနေရကြောင်း သိရသည်။

ချင်းမိုင်ရေကြီးမှု

ယခုလို ရေဘေးကြုံတွေ့ရသည်ရွှေ့ပြောင်းအလုပ်သမားများကို MAP ဖောင်ဒေးရှင်း အဖွဲ့စည်းက လက်လှမ်းမှီနိုင်သလောက်သာ သွားရောက်ကူညီပေးနေသည်ဟု ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အတိုင်ပင်ခံ ပီတောင်းခမ်းက ပြောသည်။

“ရေက ရုတ်တရက်ကြီးတော့ ချက်ချင်းကြီးသွားရောက်မကူနိုင်ပေမဲ့ သူတို့စားဖို့အတွက်တော့ လက်မီ သလောက်သွားရောက် လှူပေးခဲ့တယ်။ သွားရောက်လှူပေးတဲ့အချိန်ဆို အိမ်အပေါ်ထပ်မှာ ပိတ်မိတဲ့သူတွေ အစားသောက်ပျက်တဲ့ သူတွေရှိတယ်။ ဘယ်ကယ်ဆယ်ရေးမှ သွားရောက်ကူညီပေးတာ မရှိသလောက်ပဲ။တချို့နေရာဆို ခုထိရေမကျသေးတဲ့နေရာတွေရှိသေးတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ နမ့်ပင်မြစ် ရေကြီးမှုသည် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး မြစ်ရေကြီးမှုဖြစ်ပြီး ချင်းမြို့တွင် အနည်းဆုံး ၃ဦး သေဆုံးကာ၊ ဆင်စခန်းမှ ဆင်နှစ်ကောင်လည်း ရေနစ်ဆုံးရှုံးခဲ့သည်။

ထိုရေကြီးမှုကြောင့် ရွှံ့ရေများသည် နေအိမ်အတွင်း၊ ဆိုင်ခန်းအတွင်း သို့ ဆိုးရွားစွာ နစ်မြှုပ်ခဲ့ပြီး ရထားခရီးစဉ်များလည်း ရပ်ဆိုင်းခဲ့ရသည်။

အလားတူ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့တွင်လည်း ယခုနှစ်အတွင်း ရေလွှမ်းမိုးမှု အကြီးမားဆုံး ကြုံရကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆုံးရှုံးမှုကြီးခဲ့ကြောင်းသိရသည်။

“ ထိုင်းဘက်က ရေကြီးတာ အလှူရှင်တွေ ထိုင်းအစိုးရတွေကကူညီဆောင်ရွက်ပေးတယ်။ လူမျိုးရေး မခွဲခြားဘဲ ဆောင်ရွက်တယ်။ ကျနော်တို့ မြန်မာဘက်ကတော့ ပြည်သူအချင်းချင်းကြားပဲကူညီနေရတာ။ ဒီလိုရေကြီးမှုမျိုးက တခါမျှ မကြုံဖူးဘူး။ ကျနော်ထိုင်းဘက်မှာ ရောက်နေတာ ကံကောင်းတယ်ပြောရမယ်” ဟု ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ သို့ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်ခြား ရေလွှမ်းမိုးမှု ပြဿနာသည် အလွန်ကြီးမားလာသည့်အတွက် မယ်ဆိုင်ချောင်းထဲ ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အဉီးများ ဖယ်ရှားပေးရန်၊ နယ်ခြား မယ်ဆိုင်ချောင်းနှင့် Nam Ruak ချောင်း နယ်နမိတ် ကိစ္စ ယမန်နေ့ (စက်တင်ဘာ ၉)ရက်တွင် ထိုင်း-မြန်မာ နယ်စပ် ပူးတွဲကော်မတီ အစည်းအဝေးရန် အတည်ပြုခဲ့သည်။

ပြီးခဲ့တဲ့ စက်တင်ဘာလတွင်လည်း ချင်းမိုင်ခရိုင်အပါအဝင် ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် ယာဂီမုန်တိုင်း ကြောင့်ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး မိသားစုပေါင်း ၃၀၀၀၀ ရေဘေးဒုက္ခကြုံရကြောင်း ထိုင်းနိုင်ငံ သဘာ၀ဘေးအန္တရာယ် ကာကွယ်တားဆီးရေး အဖွဲ့က ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...