စိတ်ကြွဆေးသယ်ဆောင်သူများနှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှုဖြစ် မြန်မာနိုင်ငံသား ၆ ဦးသေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် အမှတ် (၃)ဒေသ ၃၂၀၇ နယ်စပ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မြန်မာဘက်က လက်နတ်ကိုင် မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့သား ၁၀ ဦးဝန်ကျင်တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၆ ဦးသေဆုံးကြောင်း စက်တင်ဘာလ ၉ ရက် ထိုင်းအာဏာပိုင်များက ထုတ်ပြန်လာသည်။

ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် ဒွိုင်လန်တောင်တန်း အမှတ်(၄) ကျေးရွာအုပ်စုအနီးရှိ အမှတ်(၃) ထိုင်းနယ်ခြားစောင့်တပ်နှင့် ထိုင်းဖမောင့်တပ် ပူးပေါင်းတပ်တွေက မြန်မာနိုင်ငံဘက် လက်နတ်ကိုင် မူးယစ်ဆေးသယ်ဆောင်လာသော ၁၀ ဦးခန့်ကို စက်တာဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၈ ရက်တွင် တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် မူးယစ်ဆေးလက်နက်ကိုင်များသည် လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု အမှတ် (၃) ဒေသ နယ်ခြားစောင့်တပ်က Pol. Maj. Gen. Thawatchai Phongwiwatchai (ဗိုလ်ချုပ် ထဝပ်ချိုင်း ဖုန်ဝိဝပ်ချီ) က ထိုင်းဘာသာဖြင့် ပြောဆိုခဲ့သည်။

“ အခင်းဖြစ်ပွားသည့်နေရာတွေကို ထိုင်းစစ်တပ်က ရှင်းလင်းတဲ့အခါ မူးယစ်ဆေးဝါးလက်နတ်ကိုင် ၆ ဦးသေဆုံးနေပြီး အိတ် ၁၃ အိတ်ဖမ်းမိခဲ့တယ်။ အဲ့ထဲမှာ စိတ်ကြွဆေးပြား တစ်သန်းသုံးသိန်းကို တွေ့ခဲ့တယ်။ တိုက်ပွဲအတွင်း ထိုင်းဘက်အကျမရှိဘူး” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဘက်က မူးယစ်မှောင်ခိုဂိုဏ်းများသည် ယခုလအတွင်း စိတ်ကြွဆေးပြား သန်း ၁၀၀ ပမာဏာခန့် သွင်းလာမည်ကို သတင်းရထားပြီးနောက်တွင် ထိုင်းဘက်က တပ်အင်အားများ တိုးချဲစောင့်ကြည့်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခဲ့သည်မှာ ယခုတစ်ကြိမ်ဆို ငါးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးဝယ်ယူရောင်းချသည့်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်သည့် ဒေသတစ်ခုလည်းဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...