Tuesday, January 27, 2026

စိတ်ကြွဆေးသယ်ဆောင်သူများနှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှုဖြစ် မြန်မာနိုင်ငံသား ၆ ဦးသေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် အမှတ် (၃)ဒေသ ၃၂၀၇ နယ်စပ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မြန်မာဘက်က လက်နတ်ကိုင် မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့သား ၁၀ ဦးဝန်ကျင်တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၆ ဦးသေဆုံးကြောင်း စက်တင်ဘာလ ၉ ရက် ထိုင်းအာဏာပိုင်များက ထုတ်ပြန်လာသည်။

ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် ဒွိုင်လန်တောင်တန်း အမှတ်(၄) ကျေးရွာအုပ်စုအနီးရှိ အမှတ်(၃) ထိုင်းနယ်ခြားစောင့်တပ်နှင့် ထိုင်းဖမောင့်တပ် ပူးပေါင်းတပ်တွေက မြန်မာနိုင်ငံဘက် လက်နတ်ကိုင် မူးယစ်ဆေးသယ်ဆောင်လာသော ၁၀ ဦးခန့်ကို စက်တာဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၈ ရက်တွင် တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် မူးယစ်ဆေးလက်နက်ကိုင်များသည် လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု အမှတ် (၃) ဒေသ နယ်ခြားစောင့်တပ်က Pol. Maj. Gen. Thawatchai Phongwiwatchai (ဗိုလ်ချုပ် ထဝပ်ချိုင်း ဖုန်ဝိဝပ်ချီ) က ထိုင်းဘာသာဖြင့် ပြောဆိုခဲ့သည်။

“ အခင်းဖြစ်ပွားသည့်နေရာတွေကို ထိုင်းစစ်တပ်က ရှင်းလင်းတဲ့အခါ မူးယစ်ဆေးဝါးလက်နတ်ကိုင် ၆ ဦးသေဆုံးနေပြီး အိတ် ၁၃ အိတ်ဖမ်းမိခဲ့တယ်။ အဲ့ထဲမှာ စိတ်ကြွဆေးပြား တစ်သန်းသုံးသိန်းကို တွေ့ခဲ့တယ်။ တိုက်ပွဲအတွင်း ထိုင်းဘက်အကျမရှိဘူး” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဘက်က မူးယစ်မှောင်ခိုဂိုဏ်းများသည် ယခုလအတွင်း စိတ်ကြွဆေးပြား သန်း ၁၀၀ ပမာဏာခန့် သွင်းလာမည်ကို သတင်းရထားပြီးနောက်တွင် ထိုင်းဘက်က တပ်အင်အားများ တိုးချဲစောင့်ကြည့်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခဲ့သည်မှာ ယခုတစ်ကြိမ်ဆို ငါးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးဝယ်ယူရောင်းချသည့်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်သည့် ဒေသတစ်ခုလည်းဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...