တာချီလိတ်ဘက်ကသွင်းသည့် စိတ်ကြွဆေးပြား ၆ သန်း ထိုင်းရဲဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က ပို့လာသည့် တန်ဖိုးဘတ်ငွေ သန်း ၁ထောင်ကျော်ရှိသည့် စိတ်ကြွဆေး ပြား ၆ သန်းကို ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးဝယ်ယူရောင်းချသည့်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

မူးယစ်ဆေးဝါးတင်သွင်းသူများသည် ဘတ်သန်း ၁ထောင်ကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြားများကို ထိုင်းနိုင်ငံအတွင်းပိုင်းအထိ ပိုဆောင်ပေးရန် အခကြေးငွေပေးပြီးစေခိုင်းတာဖြစ်ကြောင်း ချင်းရိုင်း အမှတ် (၅) ဒေသ ရဲမှူး ဝိုရဖုန်း ခန်လေရာက Pol.Maj.Gen. Worapong Khamluea က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

” တဘက်နိုင်ငံက ဝင်လာတဲ့စိတ်ကြွဆေးတွေကို စက်တင်ဘာလ ၃ ရက်မှာ (ချင်းစန်မြို့နယ်)အတွင်းမှာ ဖမ်းမိတယ်။ မောင်းပြေးလာတဲ့ကားနှစ်စီးနဲ့ ရှေ့ပြေးဆိုင်ကယ်နှစ်စီးနောက်ကို ရဲကလိုက်ဖမ်းဆီးခဲရာ ဆေးပြား သန်း ၆ သန်းကိုမိတယ်” ဟု ၎င်းကပြောသည်။

ရဲတပ်ဖွဲ့တွေက ဆက်လက်လိုက်လံဖမ်းဆီးရာတွင် ထိုင်းတောင်ပေါ်တိုင်းရင်းသားကဒ် ကိုင်ဆောင်ထားသည့် မြန်မာမျိုးနွယ် အမျိုးသား ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံ တာချီလိတ်လက်ကနေ မူးယစ်ကုန်သည်တွေသည် အခကြေးငွေ ဘတ်၃ သိန်းပေးပြီး သယ်ဆောင်ခိုင်းခဲ့ကြောင်း ဖမ်းမိသူကပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခဲ့သည်မှာ ယခုတစ်ကြိမ်ဆို လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...