တောင်ကြီး ဘုရားဖြူကန်ဘောင်ဘေးရှိ ဈေးသည်များကို စည်ပင်မှ ဖျက်သိမ်းခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရေကန်ဟောင်းနားတစ်ဝိုက် ဈေးသည်များကို စည်ပင်မှ တဲဆောက်လုပ်ပြီး ရောင်းချခွင့်မပြုတော့ဘဲ ဖျက်သိမ်းခိုင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များတွင်လည်း တောင်ကြီးမြို့ ဘုရားဖြူ ကန်ဘောင်ဈေးကို လမ်းပိတ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းရန် အသိပေးခဲ့ပြီး ယခု ဩဂုတ်လ ၂၈ ရက်တွင်လည်း မြို့နယ်စည်ပင်ရုံးမှ ဘုရားဖြူကန်ဘောင်နံဘေးတွင် ဝါးဖြင့် ဆိုင်ဆောက်လုပ်ထားသည့် ဈေးဆိုင်များကို အမြန်ဖျက်သိမ်းပြီး နေရာပြောင်းရွှေ့ရန် လာရောက်သတိပေးသွားကြောင်း သိရသည်။

“သူတို့က တဲထိုးပြီး ရောင်းတဲ့ဆိုင်၊ စင်ဆောက်ပြီး ရောင်းတဲ့ဆိုင်ကို ဖျက်ခိုင်းတာ။ ဒီတိုင်းမြေပေါ်မှာ ချရောင်းရင်တော့ ရတယ်။ အဓိကတော့ ကန်က ရေပြည့်နေတော့ မြေပြိုပြီး ကန်ဘောင်ထဲ ကျမှာ စိုးလို့ထင်တယ်”ဟု ဈေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ တဲထိုးရောင်းချနေသည့် ဆိုင်နှင့် စင်ဆောက်ပြီး ရောင်းချနေသည့် ဆိုင်များကို ဖျက်ခိုင်းခြင်း၊ ယခုကဲ့သို့ မိုးတွင်းကာလတွင် ဈေးသည်များအနေဖြင့် အအေးမိခြင်း၊ ရောင်းချသည့် သီးနှံများ ပျက်စီးခြင်းများ ဖြစ်စေနိုင်သဖြင့် ဖျက်သိမ်းရန် အခက်အခဲ ရှိကြောင်း သိရသည်။

တောင်ကြီး ပျံကျစျေး

“ရောင်းတဲ့သူ အများစုက အဖွားအရွယ်တွေ များတယ်။ ခုလို ဖျက်သိမ်းပြီး မြေကြီးပေါ်မှာ ဒီတိုင်း နေရင် အကုန် အအေးမိပြီး ဖျားလိမ့်မယ်။ အသီးအရွက်တွေလည်း မိုးရွာရင် မြေကြီးတွေ ဖုံးကုန်ပြီး ရောင်းမရဖြစ်မှာ စိုးတယ်။ ဒီဈေးကို အမှီပြုပြီး ဈေးသုံးနေရတာ။ နီးနီးနားနားပဲဆိုတော့ ဈေးသုံးရတာ အဆင်ပြေနေတယ်”ဟု ဘုရားဖြူရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ ဘုရားဖြူဈေးသည် ရေကန်ဟောင်းနံဘေးတွင် ဈေးဆိုင်များ တည်ခင်းကာ ဒေသထွက် သီးနှံအသီးအရွက်များကို လပြည့် လကွယ်နေ့များမှ လွဲ၍ နေ့စဉ်နေ့တိုင်း ရောင်းချနေလျှက်ရှိသည့် ဈေးငယ်လေးဖြစ်ပြီး ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် လူများက အဓိက အားထားနေရသည့် ဈေးဖြစ်သည်။

ယခုလက်ရှိ ရေကန်ဟောင်းတွင် ရေပြည့်နေလျှက်ရှိပြီး ကန်နံဘေးတွင် ပလပ်စတစ်အမှိုက်များနှင့် ဟင်းသီးဟင်းရွက် ပုပ်သိုးအနံ့များကြောင့် လမ်းသွားလာသည့် ပြည်သူများအတွက် အခက်အခဲ ဖြစ်သဖြင့် စည်ပင်မှ လာရောက် ဖျက်သိမ်းခိုင်းကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...