သီပေါ ၃ ရက်ဆက်တိုက် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး၊ ကလေး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက် ၄ နာရီခွဲခန့်တွင် သီပေါမြို့ နားမခေါ်ကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် (၁၀) နှစ်အရွယ် ကလေးတစ်ဦး ဝမ်းဗိုက်တွင် ဗုံးစထိမှန်ပြီး ဆေးကုသမှု ခံယူနေရကြောင်း သီပေါဒေသခံများက ပြောသည်။

လက်နက်ကြီးထိမှန်သည့်နေအိမ်

“နားမခေါ်ရွာမှာ ကျတာ ဒီမနက် ၄ နာရီခွဲမှာ၊ လေယာဉ်နဲ့ ဗုံးလာကြဲတာ နှစ်လုံးကျတယ် အသံလည်း ပြင်းတယ်။ အခုကတော့ ကလေးတစ်ယောက်ကို ထိထားတယ်။ ဗုံးစ ဗိုက်နားထိတာ၊ အသက် ၁၀ နှစ်လောက်ပဲ ရှိသေးတယ်။ အခု နမ့်လန်ဆေးရုံကနေ မိုင်းကိုင်ဆေးရုံကို လွှဲနေတယ်”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်မှ သီပေါမြို့နယ် နားမခေါ်ရွာသို့ လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းနှင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးခဲ့ပြီး ဩဂုတ်လ တတိယပတ်အတွင်းကလည်း ကောင်းဟက်ရွာသို့ လူအိမ်မောကျချိန် နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၄ နှင့် ၂၅ ရက်တို့တွင်လည်း သီပေါမြို့ပေါ် အနောက်ရပ်ကွက်နှင့် ရွှေကျောင်းအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“ရှေ့တရက်က ရွှေကျောင်းဘက်မှာ ဦးလေးကြီး နှစ်ယောက်ဆုံးတယ်၊ တစ်ယောက်ဆိုရင် ခေါင်းကျေမွသွားတာ။ အန်တီတစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ မနေ့က အနောက်ရပ်ဘက် လက်နက်ကြီးထပ်ကျတော့ နောက်တစ်ယောက် ထပ်ဆုံးတယ်၊ စုစုပေါင်း ၃ ယောက် ဆုံးတာ”ဟု သီပေါမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် သီပေါမြို့ပေါ် တိုက်ပွဲရပ်တန့်နေသော်လည်း TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မြို့တွင်းရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တဘက်သက် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သီပေါမြို့နယ် နောင်ကော်အခြေစိုက် ခလရ-(၁၄၇) တပ်ကို သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ်မှ အနီးအနား ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ရက်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများ ဗုံးဆံထိမှန် သေဆုံးပြီး နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သား (၂၀) ကျော် သေဆုံးပြီး (၅၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...