တာချီလိတ် ရေပြန်ကျသော်လည်း ကိုယ်ထူကိုယ်ထ ရွှံ့နွံ ရှင်းနေရ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ ပြန်ကျပြီးနောက် နေအိမ်အတွင်း ရွံ့နွံများ တင်ကျန်ခဲ့ရာ ပြည်သူများ ကိုယ်ထူကိုယ်ထ ပြန်လည်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ယမန်နေ့ (သြဂုတ် ၁၉ ရက်) ညပိုင်းတွင် မယ်ဆိုင်ချောင်းရေ ပြန်ကျကာ အချို့ရပ်ကွက်ရှိ ပြည်သူအိမ်ရှေ့ ဆိုင်ရှေ့တွင် ရွံ့နွံနှင့် အမှိုက်များ တင်ကျန်ခဲ့ကာ ရပ်ကွက်နှင့် လမ်းကြားများတွင် ကိုယ်ထူကိုယ်ထ ပြန်လည်ရှင်းလင်းနေရကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရေတက်ပြီး ပြန်ကျရင် ရွှံ့နွံတွေက ကျန်ခဲ့ရော၊ ကိုယ်ဘာသာကိုယ် ရှင်းရတယ်။ ဒီနေ့ ပြီးသွားလို့ နောက်ရက်မိုးကြီးလို့ ရေထပ်တက်ရင်လည်း ပြန်လုပ်နေရတာ။ အမှိုက်တွေလည်း ပါတယ်။ ဒီနားတဝိုက်က ရပ်ကွက်တွေမှာတော့ စည်ပင်က လာရှင်းပေးတာမရှိဘူး ကိုယ့်ဟာကိုယ်ပဲ လုပ်နေကြတာ” ဟု ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်ရေကြီးမှု

တာချီလိတ်မြို့တွင် မိုးရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင် ရပ်ကွက်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တာလော့ ဈေးတန်း အနီးတစ်ဝိုက် ချောင်းဘေးရှိ ရပ်ကွက် တို့တွင် မကြာခဏ ဆိုသလို ရေကြီးရေလျှံမှုဖြစ်ကြောင်း ဒေသခံများကပြောသည်။

တာချီလိတ်မြို့ အနီးတဝိုက်တွင် ရွှေတူးဖော်ခြင်း၊ သတ္တုတွင်းတူးဖော်မှုများ အလွန်အကျွံ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးလာကာ မိုးဆက်တိုက် ရွာသွန်းမှု၊ မိုးသည်းထန်စွာ ရွာသွန်းပါက ရေကြီးရေလျှံမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလာသည်။

ယခုနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တု တူးဖော်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြသဖြင့် သဘာဝပတ်ဝန်းကျင် ယခင်ကထက် ပိုမိုပျက်စီးကာ မိုးရာသီတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး၊ နွေရာသီတွင် ရေခမ်းခြောက်မှုကို ပြည်သူများ ကြုံတွေ့လာရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...