စစ်ကောင်စီမှ တောင်ကြီး ညဈေးဆိုင်များကို ပိတ်ခိုင်း

သျှမ်းပြည် တောင်ကြီးမြို့ ရှိ ညပိုင်းတွင် ဖွင့်လှစ်ထားသည့် ညစျေးဆိုင်များကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်မှ ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အ.ထ.က (၁) ၏ မြောက်လက်ရှိ ညဈေးတွင် ဖွင့်လှစ်ထားသော စျေးဆိုင်များကို စစ်ကောင်စီလက်အောင်ခံ စည်ပင်သာယာရေးမှ သြဂုတ်လ ၁၁ ရက်မှစတင်ကာ ပိတ်ဆိုင်းခိုင်းကြောင်း၊ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ ညစျေးဆိုင်တွင် ရောင်းချသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ကလည်း ဘာလို့ပိတ်ခိုင်းလည်း ‌သေချာမသိဘူး။ ၂ ရက်လောက်ရှိပြီး ပိတ်ခိုင်းတာ။ အဲ့နားမှာဖွင့်တာလည်း မရှိတော့ဘူး။အကြောင်းပြချက် ဘာမှ မပေးဘဲ ပိတ်ခိုင်းတာ ” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုညဈေးကို စစ်ကောင်စီလက်အောက်ခံ စည်ပင်မှ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ညကင်းလှည့်ရန် ၊ ပတ်ကင်း၊ ဧည့်စာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် သွားလာ ခက်ခဲမှုများကြောင့် ဆိုင်များကို ဆက်လက်မဖွင့် လှစ်ရန် ထုတ်ပြန်ချက်ထားသည်ဟု လည်း တောင်ကြီးမြို့ စျေးသည်တစ်ဦးက ဆိုပြန်သည်။

“ညဆို အဲ့ညဈေးက လမ်းတွေမှာ လူပြည့်ပြီး ပိတ်တယ်။ ညတွေက ရဲတွေ ကင်းလှည့်တာရှိတယ်။ ပြီးရင် သူတို့ကလည်း ကား ၅စီး အနည်းဆုံး နဲ့ ည၈နာရီဆိုပတ်ပြီ။ အဲ့အကြောင်းပြချက်တွေနဲ့ ပိတ်ခိုင်းတာပဲ။ ” ၎င်းစျေးသည်က ပြောသည်။

လက်ရှိမှာ တောင်ကြီးမြို့ပေါ်သို့ သျှမ်းပြည် မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်လာသူ ထောင်နှင့်ချီရှိပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...