ဆောင်းပြောင်းရွာခံများကို PNO ထဲဝင်ပြီးကြောင်း လက်မှတ်ထိုးပြီးမှ ကျေးရွာထဲပြန်နေခွင့်ပြုမည်ဟုဆို

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာဒေသခံများကို PNOပြည်သူ့စစ် တပ်ထဲ ဝင်ကြောင်း လက်မှတ်ထိုးမှသာ ရွာထဲပေးနေမည်ဟု ရွာသားများကိုခြိမ်းခြောက်အကြပ်ကိုင်ကြောင်း ဒေသခံများထံမှသိရသည်။

ရွာသားများအားလုံး နေအိမ်သို့ပြန်နေလိုလျှင် ရွာထဲရှိအသက်၁၈မှ အသက်၄၀အောက် အမျိုးသား၊အမျိုးသမီးအားလုံးကို PNOပြည်သူ့စစ်ထဲဝင်ကြောင်းလက်မှတ်ထိုးမှသာ ပြန်လာနေ ခွင့်ပြုမည်ဖြစ်သဖြင့် ဒေသခံများအခက်ခဲကြုံတွေ့နေရပါသည်။

“ဆောင်းပြောင်းရွာကိုဝင်တဲ့လမ်းအကုန်ပိတ်ထားတယ်။ သူတို့ခုလို ပြောလာတော့ရွာသားတစ်ယောက်မှ လက်မှတ်မထိုးဘူး။ ရွာသားတစ်ယောက်မှ သဘောမတူဘူး။ ဒါကအာဏာရှင်ဆန်ဆန်လုပ်တဲ့လုပ်ရပ်ဖြစ်တယ်”ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆောင်းပြောင်းကျေးရွာသားများ

ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် စတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး နောက် ဒေသခံများရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“ခုဆောင်ပြောင်းမှာ တိုက်ပွဲမဖြစ်တာ တစ်လရှိတော့မယ်။ရွာထဲမှာPNOတွေပဲ ဝင်နေနေတာ။ရွာသားအိမ်ပေါ်လဲ တက်နေတယ်။ ချက်ချင်တာချက် ယူစားချင်တာယူစားတယ်။တချို့အိမ်တွေဆို သူတို့က သော့ဖျတ်ပြီး ဝင်နေနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

PNOက ရွာသားများကို ယခုလို အကြပ်ကိုင် ပြုလုပ်ခြင်းကြောင်းရွာသားများ ရွာထဲပြန်မနေကြဘဲ တစ်ခြားရွာတွင် စစ်ဘေးရှောင်ဘဝဖြင့်သာခက်ခဲစွာ နေထိုင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...