Wednesday, January 28, 2026

ဆီဆိုင်တွင် လက်နက်ကြီး​ကြောင့် နေအိမ်လေးလုံး ထက်မနည်းပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီရီး(ပွဉ်ရင်း )ရွာ တွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)နှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ် (၄)လုံးထက်မနည်း ပျက်စီးသွားကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ရက်မှ စကာ ဆီဆိုင် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံအများစုမှာ ထွက်​ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

“မိုးလင်းမိုးချုပ် တိုက်ပွဲ ပြင်းထန်နေတာ သုံးရက်ရှိပြီ။ ညဘက်လက်နက်ကြီးနဲ့ ပစ်ချတာ။ ညက ရွာမှာ ပြန်အိပ်တာ အိမ်ဘေး လာကျတာ။ လန့်လိုက်တာ။ ရွာထဲက အိမ် ၄လုံး ကျော်လောက်မီးလောင်သွားတယ်။” ဟု ထီရီး (ပွဥ်ရင်း) ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့နယ်

ဆီဆိုင်မြို့တွင်းမှာ တိုက်ပွဲမဖြစ်သေးသော်လည်း ကျေးရွာဖက်တွေမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် ဒေသခံအများစုမှာ မြို့ပေါ်နှင့်နီးစပ်ရာ တော်တောင်ထဲကို စစ်ဘေးရှောင်တိမ်းနေရကြောင်းသိရသည်။

” လက်ရှိတော့ မြို့တွင်းက ငြိမ်နေသေးတယ်။ ရွာဖက်တော့ တော်တော်ဖြစ်နေကြတယ်။ ပြေးတဲ့သူကပြေးပဲ။ စိတ်တော့မကောင်းဘူး။ ကိုယ့်လူမျိုးအချင်းချင်းကို ပြန်သတ်နေကြတယ်။ ကြားထဲက ပြည်သူတွေ ဒုက္ခရောက်ကြတာပဲ။”ဟု ဒေသခံ တစ်ဦးက ထပ်လောင်းပြောကြားထားသည်။

သြဂုတ်လ ၄ ရက်နေ့ကတည်းက စစ်ကောင်စီမှ PNLA ထိန်းချုပ်နယ်မြေ ဗန်းမတ် ဖက်ကို လက်နက်ကြီးဖြင့် တဘက်သတ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ယခုလက်ရှိ ဆီဆိုင်မြို့အရှေ့ဖက် ခြမ်းတွင် တိုက်ပွဲ ပြင်းထန်လျှက်ရှိသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...