သျှမ်းမြောက်တွင် ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစဉ်ကနေ နယ်ချဲ့တိုက်ခိုက်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

သျှမ်းမြောက်တွင် ကျားဖြန့်တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့က နယ်မြေချဲ့ထွင် တိုက်ခိုက်လာနေသဖြင့် လုံခြုံရေးအတွက် အလေးထား ဆောက်ရွက်နေရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောက ပြောဆိုလိုက်သည်။

ယနေ့ ဇူလိုင် ၁၀ ရက်တွင် စစ်ကောင်စီမီဒီယာမှတစ်ဆင့် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“MNDAA အဖွဲ့အနေနဲ့ ချင်းရွှေဟော်ဒေသ တစ်ဝိုက်နဲ့ ကိုးကန့်နယ်မြေကို စတင်တိုက်ခိုက်ခါစက ကျားဖြန့်လို့ခေါ်တဲ့ Online လောင်းကစားမှု၊ လိမ်လည်မှုကို တိုက်ဖျက်ရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ခဲ့တယ်ဆိုတာ သိရပါတယ်။ လောက်ကိုင် ဒေသအပါအဝင် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုတွေဟာ လောက်ကိုင်မှာဆိုရင် ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာဖြစ်လို့ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ သိရှိခဲ့ခြင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် ကျားဖြန့်ကိစ္စကိုသိရှိပြီးနောက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး နှိမ်နင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ် နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ အပါအဝင် ၂၁၅၀ ကို သက်ဆိုင်ရာ နိုင်ငံများကို လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ယင်းနောက် MNDAA သည် ကိုးကန့်နယ်မြေ အထူးဒေသ (၁) ရရှိရေးဆိုပြီး လုပ်ဆောင်လာကြောင်း၊ NUG အဖွဲ့နှင့်တွေ့ပြီး MNDAA ကနယ်မြေကို လိုက်ပြခြင်း၊ ဆွေးနွေးခြင်း လုပ်လာသည့်အပြင် ကိုးကန့်ဒေသနယ်မြေကို ချဲ့ထွင်လာကြောင်း စစ်ကောင်စီကဆိုသည်။

အလားတူ TNLA အဖွဲ့ကလည်း ထိုကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။

MNDAA နှင့် TNLA တို့၏ တိုက်ခိုက်မှုအပေါ် မြို့များ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးစေရေးအတွက် အထူးအလေးထားပြီး စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...