Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် အိမ်ပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်မီးရှို့ခဲ့

သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာနှင့် ကယန်းလေးကျေးရွာအတွင်းရှိ ဒေသခံနေအိမ်ပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် PNO တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့ တောင်ဘက် မိုင် ၂၀ ခန့်သာကွာဝေးသည့် ရေဖြူကျေးရွာနှင့် ကယန်းကျေးရွာရှိ ဒေသခံနေအိမ် ၁၆ လုံးထက်မနည်းကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က စစ်ကောင်စီနှင့် PNO တို့ကထပ်မံမီးရှို့ခဲ့သည်ဟု PNLA ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒုတိယအကြိမ်မှာ သူတို့မီးရှို့သွားတာတော့ နေအိမ် ၁၆ လုံးရှိတယ်။ ဒါပေမဲ့ ဒါကကျနော် လက်လှမ်းသလောက်ပဲ သိရတယ်။ မီးဆိုတဲ့အမျိုးက ကူးတတ်တဲ့အခါကျတော့ မြေပြင်မှာ ဒီထက်မက ဆုံးရှုံးနိုင်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်တွင်လည်း ရေဖြူကျေးရွာရှိ ဒေသခံနေအိမ်များကို သုံးရက်ဆက်တိုက် စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ပေါင်း ၂၄ အိမ်ထက်မနည်း မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်သားနှင့် ပြည်သူ့စစ် အင်အားရာချီသုံးပြီး တန်ပြန်စစ်ကြောင်းထိုးလာပြီးနောက် ကျေးရွာရှိ ဒေသခံနေအိမ်များ မီးရှို့ခံနေရခြင်းဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်းတွင် ၅ လကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု တစ်ထောင်ကျော်အထိ ရှိလာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ကထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ပွဲကြောင့် ကလေးငယ်နှင့်အမျိုးသမီး အပါအဝင် အရပ်သားသေဆုံးမှု ၈၄ ဦးအထိမြင့်တက်လာနေပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၂ ဦးအထိ မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...