Tuesday, January 27, 2026

နမ့်ခမ်းမြို့ အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦး ပစ္စည်းသွားပို့စဉ် သေနတ်ပစ်ခံရ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦးသည် မြို့တွင်းသို့ ပစ္စည်းသွားပို့စဉ် အမည်မသိ လက်နက်ကိုင်ဆောင်သည့် အဖွဲ့၏ သေနတ်ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၂၆ ရက်) ည ၈ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့၊ ကောင်းနောင်မိုရပ်ကွက်သို့ အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦး ပစ္စည်းပို့ရန် သွားရောက်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ကားမောင်းနှင်လာပြီး သေနတ်ပစ်ခတ်ခဲ့ရာ အမျိုးသမီးကို ကျည်ဆံ ၂ ချက်ထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

သေနတ်ပစ်ခံရသည့်အမျိုးသမီး

“လင်မယားနှစ်ယောက် လမ်းကူးဖို့လုပ်တဲ့အချိန် မိန်းမဖြစ်သူ သေနတ် ၅ ချက်ပစ်ခံရတာ၊ ခါးနဲ့ ခြေထောက်ကို ၂ ချက်ထိတယ်။ ဒီလင်မယားက ဈေးထဲမှာလည်း ဆိုင်ဖွင့်တယ်၊ အွန်လိုင်းမှာလည်း ရောင်းတယ်။ သားသမီးက ၃ ယောက်ရှိတာ၊ အခုတော့ နမ့်ခမ်းဆေးရုံကို ပို့ထားတယ်”ဟု ဖြစ်စဉ်သိရှိသူ နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့မှ ၎င်းလင်မယားနှစ်ဦးသည် Wechat မှတဆင့် မှာယူထားသည့် ပစ္စည်းကို ဆိုင်ကယ်ဖြင့် သွားရောက်ပို့ဆောင်ရာ ကောင်းနောင်မိုရပ်ကွက် အရောက်တွင် ကားတစ်စီးထဲမှ သေနတ်ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

သေနတ်ပစ်ခံရပြီး ထိခိုက်ဒဏ်ရာရသူမှာ အသက် (၃၆)နှစ် အရွယ်ရှိ အားမွေ (ခေါ်) ယန်ဖုန်းဆိုင် ဆိုသူ အမျိုးသမီးဖြစ်ပြီး မူဆယ်မြို့သို့ ဆေးကုသရန် သယ်ဆောင်သွားလိုသော်လည်း လမ်းခရီးအခြေအနေ မလုံခြုံမှုကြောင့် မသွားရောက်နိုင်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ယခုကဲ့သို့ သေနတ်ပစ်ခတ်ခံရမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင် TNLA တပ်သားများ ကင်းစောင့်ကြပ်နေသော်လည်း ပြည်သူများမှာ လုံခြုံရေးစိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

“လုံခြုံရေး မရှိဘူးလို့ ပြောရအောင်လည်း ပလောင်စစ်သားတွေက မြို့အဝင်အထွက်နဲ့ ရွာထိပ်တွေမှာ စောင့်နေတာပဲ။ တိုက်ပွဲငြိမ်လာတဲ့နောက်ပိုင်းလည်း မျက်နှာစိမ်းတွေ နမ့်ခမ်းကို ဝင်ထွက်ကြတာ များတယ်။ အများအားဖြင့် တရုတ်တွေ၊ ကိုးကန့်ဘက်ကလား တရုတ်ပြည်မကြီးကလား သေချာမသိရဘူး”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် သင်္ကြန်ကာလအတွင်းကလည်း နမ့်ခမ်းမြို့ TNLA တပ်ဖွဲ့ ဦးဆောင်ပြီး မြို့လယ်ဘုရားကြီး ပွဲတော်ဝင်း(ပန်ပွဲ)ရှိ ဗဟိုမဏ္ဍာပ်စင်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှု မရှိကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

နမ့်ခမ်း TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင် ရောင်းချမည် ဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို ပိတ်သိမ်းပြီး လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့်...

နမ့်ခမ်းဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေရ

0
“၁၀၂၇ စစ်ဆင်ရေး” နှစ်ပတ်လည်နေ့တွင် သျှမ်းပြည် နမ့်ခမ်းမြို့ ဒေသခံများသည် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) တွင် ကျရောက်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်နှစ်ပြည့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့်...

နမ့်ခမ်း မြို့ဈေးပတ်ရောင်းချသူများကို TNLA က လုပ်ငန်းလိုင်စင် လုပ်ခိုင်း

0
သျှမ်းပြည် မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ဈေးပတ်ရောင်းချသူများကို လုပ်ကိုင်ခွင့် လိုင်စင် လုပ်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်မှ စတင်ပြီး နမ့်ခမ်းမြို့ ဈေးပတ်ရောင်ချသူများကို မြို့နယ်စည်ပင်ယာရေးအဖွဲ့ရုံးထံ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် သွားရောက် လျှောက်ထားရန်...

နမ့်ခမ်း TNLA မှ ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့လှည့်လည်ပြသ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA မှ ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့ လှည့်လည်ပြသခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နေ့လယ်ပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် TNLA လက်အောက်ခံရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ပြစ်မှုကျူးလွန်သူ အမျိုးသား...