နမ့်ခမ်းမြို့ အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦး ပစ္စည်းသွားပို့စဉ် သေနတ်ပစ်ခံရ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦးသည် မြို့တွင်းသို့ ပစ္စည်းသွားပို့စဉ် အမည်မသိ လက်နက်ကိုင်ဆောင်သည့် အဖွဲ့၏ သေနတ်ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၂၆ ရက်) ည ၈ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့၊ ကောင်းနောင်မိုရပ်ကွက်သို့ အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦး ပစ္စည်းပို့ရန် သွားရောက်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ကားမောင်းနှင်လာပြီး သေနတ်ပစ်ခတ်ခဲ့ရာ အမျိုးသမီးကို ကျည်ဆံ ၂ ချက်ထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

သေနတ်ပစ်ခံရသည့်အမျိုးသမီး

“လင်မယားနှစ်ယောက် လမ်းကူးဖို့လုပ်တဲ့အချိန် မိန်းမဖြစ်သူ သေနတ် ၅ ချက်ပစ်ခံရတာ၊ ခါးနဲ့ ခြေထောက်ကို ၂ ချက်ထိတယ်။ ဒီလင်မယားက ဈေးထဲမှာလည်း ဆိုင်ဖွင့်တယ်၊ အွန်လိုင်းမှာလည်း ရောင်းတယ်။ သားသမီးက ၃ ယောက်ရှိတာ၊ အခုတော့ နမ့်ခမ်းဆေးရုံကို ပို့ထားတယ်”ဟု ဖြစ်စဉ်သိရှိသူ နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့မှ ၎င်းလင်မယားနှစ်ဦးသည် Wechat မှတဆင့် မှာယူထားသည့် ပစ္စည်းကို ဆိုင်ကယ်ဖြင့် သွားရောက်ပို့ဆောင်ရာ ကောင်းနောင်မိုရပ်ကွက် အရောက်တွင် ကားတစ်စီးထဲမှ သေနတ်ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

သေနတ်ပစ်ခံရပြီး ထိခိုက်ဒဏ်ရာရသူမှာ အသက် (၃၆)နှစ် အရွယ်ရှိ အားမွေ (ခေါ်) ယန်ဖုန်းဆိုင် ဆိုသူ အမျိုးသမီးဖြစ်ပြီး မူဆယ်မြို့သို့ ဆေးကုသရန် သယ်ဆောင်သွားလိုသော်လည်း လမ်းခရီးအခြေအနေ မလုံခြုံမှုကြောင့် မသွားရောက်နိုင်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ယခုကဲ့သို့ သေနတ်ပစ်ခတ်ခံရမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင် TNLA တပ်သားများ ကင်းစောင့်ကြပ်နေသော်လည်း ပြည်သူများမှာ လုံခြုံရေးစိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

“လုံခြုံရေး မရှိဘူးလို့ ပြောရအောင်လည်း ပလောင်စစ်သားတွေက မြို့အဝင်အထွက်နဲ့ ရွာထိပ်တွေမှာ စောင့်နေတာပဲ။ တိုက်ပွဲငြိမ်လာတဲ့နောက်ပိုင်းလည်း မျက်နှာစိမ်းတွေ နမ့်ခမ်းကို ဝင်ထွက်ကြတာ များတယ်။ အများအားဖြင့် တရုတ်တွေ၊ ကိုးကန့်ဘက်ကလား တရုတ်ပြည်မကြီးကလား သေချာမသိရဘူး”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် သင်္ကြန်ကာလအတွင်းကလည်း နမ့်ခမ်းမြို့ TNLA တပ်ဖွဲ့ ဦးဆောင်ပြီး မြို့လယ်ဘုရားကြီး ပွဲတော်ဝင်း(ပန်ပွဲ)ရှိ ဗဟိုမဏ္ဍာပ်စင်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှု မရှိကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...