သီပေါဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ညာခြေထောက်ပြတ် ဒဏ်ရာရ၊ အကူအညီလိုအပ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ညာခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၂၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်မှ အသက်(၅၀)နှစ် ဝန်းကျင် ရှိ ဦးသန်းဝင်းဆိုသူသည် အလုပ်သွားလုပ်ရန် တုံစင့်ကျေးရွာနှင့် ကုံးစုံကျေးရွာအကြားတွင် ရောက်ရှိစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက်ပြတ် ဒဏ်ရာနှင့် ဘယ်ဘက်ခြေထောက်တွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“အလုပ်သွားလုပ်ဖို့ သွားနေရင်း မိုင်းနင်းမိတာ၊ သူ့ညာဘက်ခြေထောက်ကတော့ ဒူးခေါင်းအောက်ကနေ ပြတ်သွားတာ။ ဘယ်ဘက်ခြေထောက်လည်း မိုင်းစမှန်တာရှိတယ်။ အခုကတော့ လားရှိုးဆေးရုံ ဆက်ပို့ထားတယ်။ ဦးလေးက အသက်လည်းကြီးတော့ ဆေးဖိုးဝါးခ အကူအညီလည်း လိုနေတယ်”ဟု ဖြစ်စဉ်သိရှိသူ သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်တွင် မိုင်းနင်းမိသည့် နေရာသည် သီပေါမြို့ ကုံးစုံရွာအနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၃ အနီးဖြစ်ပြီး တောင်ယာလုပ်ရန်သွားသည့် ဒေသခံများမှာ မကြာခဏ မိုင်းနင်းမိကြောင်း သီပေါဒေသခံများထံမှ သိရသည်။

“ကုံးစုံရွာနားမှာက ခလရ-၂၃ ရှိတယ်။ လမ်းမကြီးဘေးနားတောင် သူတို့မြေမြှုပ်မိုင်း ထောင်ထားတာရှိတယ်။ ကုံးစုံရွာနားလည်း မကြာခဏ မိုင်းနင်းမိတာဆိုရင်လည်း လမ်းသွားရင်း နင်းမိတာပဲ။ အများစုက တောင်ယာလုပ်ဖို့ သွားတဲ့အချိန် နင်းမိတာ။ အခုက သီပေါမှာ ရဲစခန်းပတ်လည်တောင် မိုင်းထောင်ထားတယ်လို့ စာရေးပြီး ကပ်ထားတာ”ဟု သီပေါမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း သီပေါမြို့နယ် တုံစင့်ကျေးရွာနှင့် ကုံးစုံရွာအကြားရှိ တောလမ်းတွင် အရပ်သား ၂ ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဘက် ဖြတ်လိုက်ရပြီး သီပေါ-နမ္မတူအကြားရှိ မိုးတေတံတား အနီးတွင်လည်း ပစ္စည်းတင်ဆောင်လာသည့် ထော်လဂျီတစ်စီး မိုင်းတက်နင်းမိပြီး ပေါက်ကွဲရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သီပေါမြို့နယ်တွင် ၂၀၂၄ နှစ်ဆန်းပိုင်းမှ စ၍ ၅ လအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသူ (၇) ဦးထက်မနည်း ရှိပြီး အများစုမှာ တောင်ယာနှင့် လမ်းဘေးများတွင် နင်းမိခြင်းဖြစ်ပြီး သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့များအနေဖြင့် လာရောက်ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...