မူဆယ်ဒေသခံများ စမတ်ကတ် ပြုလုပ်ရန် တုံကင်ထောင်နှင့်ချီ ထပ်မံစောင့်ဆိုင်းနေရ

သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ တုံကင်အလုအယက် စောင့်ဆိုင်း၍ ပြုလုပ်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာခွင့်အတွက် UID ခေါ် စမတ်ကတ်ပါမှသာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (TBP/BP) လက်မှတ်များကို ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။

၎င်းနောက်တွင် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေး လဝက မှ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ ပြည်သူများကို မူဆယ်မြို့ ငွေဆင်အိမ်ယာတွင် UID ခေါ် စမတ်ကတ် ပြုလုပ်ပေးလျက်ရှိရာ တုံကင်ရရှိရန် လူထောင်နှင့်ချီ အလုအယက် စောင့်ဆိုင်း၍ ပြုလုပ်နေရကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“သင်္ကြန်နောက်ပိုင်း တရုတ်ပြည်ထဲ ပြန်ဝင်ဖို့ဆိုတော့ စမတ်ကတ် မပါရင်လည်း မရတော့ဘူးလေ။ မူဆယ်၊ နမ့်ခမ်းအပြင် တခြားမြို့နယ်က လူတွေကိုလည်း တစ်နေရာတည်း လုပ်ပေးတော့ အခက်အခဲ ဖြစ်တယ်။ မူဆယ်ကတော့ စာအုပ်အနီလုပ်လည်း တန်းစီရ၊ အခု စမတ်ကတ်လုပ်တော့လည်း တန်းစီရနဲ့ လဝက တွေ ဂွင်ဖန်လုပ်စားနေပြီးတော့ စီမံခန့်ခွဲမှု လုံးဝကို ညံ့တယ်”ဟု မူဆယ်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး စစ်ကောင်စီ လဝက မှ ရှေ့ပြေး လူဦးရေစာရင်း ကောက်ယူခြင်းနှင့် UID ခေါ် စမတ်ကတ်ကို စတင်လုပ်ဆောင်ပေးခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း ရပ်နားထားခဲ့ရကာ ပြီးခဲ့သည့် မတ်လ လယ်ခန့်မှ စတင်ပြီး မူဆယ်နှင့်နမ့်ခမ်း လဝက ဝန်ထမ်းများ စုပေါင်းပြီး ပြန်လည်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်တုန်းကတော့ A4 စက္ကူဖြတ်ပိုင်းနဲ့ ရတာပေါ့၊ အခုကျတော့ ကတ်ထူနဲ့ ထုတ်ပေးတာ ၁ ခုကို တစ်သောင်းခွဲ ပေးရတယ်။ သွားလုပ်ရတာလည်း တုံကင်ယူထားတုန်းပဲ ရှိသေးတယ်။ တချို့တွေဆို တုံကင်နံပါတ်က ဝါဆိုလလောက်အထိ ချိန်းတာတွေ ရှိတယ်။ ဒီလိုပုံစံနဲ့ဆို နယ်စပ်မှာ ရှာစားရတာလည်း တဖြည်းဖြည်း ခက်လာပြီ”ဟု မူဆယ်မြို့မှ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီကလည်း မေလ ၁ ရက်နေ့မှ စတင်ပြီး UID ခေါ် စမတ်ကတ်ပါမှသာ နယ်စပ်ပေးဖြတ်မည်ဟု ထုတ်ပြန်ထားခြင်းကြောင့် သင်္ကြန်ကာလနောက်ပိုင်း တရုတ်ပြည်သို့ အလုပ်သွားရောက် လုပ်ကိုင်ရန် မဖြစ်မနေ လိုအပ်လာခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

နယ်စပ်ရှိ လူအဝင်အထွက်ကို ထိန်းချုပ်လိုသည့် စစ်ကောင်စီ၏ ဧပြီလ ၄ ရက် ထုတ်ပြန်ချက်အရ တစ်ဘက်နိုင်ငံသို့ သွားရောက်လိုသူများအနေဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်များ လျှောက်ထားရာတွင် မိမိမှတ်ပုံတင် မူရင်းနဲ့အတူ UID ခေါ် စမတ်ကတ် စာရွက်ပါ တစ်ပါတည်း ယူဆောင်သွားရမည်ဖြစ်သည်။
အလားတူ နိုင်ငံကူးလက်မှတ် ပက်စ်ပို့ ပြုလုပ်ရာတွင်လည်း UID ခေါ် စမတ်ကတ် စာရွက်ပါရှိမှသာ ပြုလုပ်ပေးတော့ကြောင်း သိရပြီး တာချီလိတ်မြို့တွင် လေဆိပ်၌ ခရီးသွားမည့်သူများကို မှတ်ပုံတင်မိတ္တူများ တောင်းယူ၍ စမတ်ကတ် မလုပ်ရသေးသူများကို တစ်ခါတည်း လုပ်ဆောင်ပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ လက်ရှိပြုလုပ်ပေးနေသည့် UID (Unique Identity Number) ခေါ် စမတ်ကတ် သည် နိုင်ငံအတွင်း နေထိုင်သည့် အသက် (၁၀)နှစ်အထက် ရှိသူများကို အီလက်ထရောနစ် စနစ်ဖြင့် ဇီဝအချက်အလက် အပါအဝင် ကိုယ်ရေးအချက်အလက်များကို ကောက်ယူမှတ်ပုံတင်ပြီး ဂဏန်း (၁၀)လုံး ပါရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...