ရွာငံမြို့နယ် ရဲစခန်းကို ဂျိုးဖြူအဖွဲ့ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီ ၃ဦး ထပ်မနည်းသေ၊ ၁ဦး ဖမ်းမိ

သျှမ်းပြည် ရွာငံမြို့နယ်တွင် မြင်းကျဒိုး ရဲစခန်းကို ဂျိုးဖြူအဖွဲ့ က ယနေ့ (ဧပြီ ၂၁)ရက် နံနက်၁၀နာရီတွင် ဝင်ရောက် ပစ်ခတ်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးထပ်မနည်း သေဆုံးကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ရွာငံမြို့နယ်တွင် မြင်းကျဒိုးရွာရှိ ရဲစခန်းကို ဂျိူးဖြူအဖွဲ့မှ ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့် တွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၃ ဦးထပ်မနည်းသေဆုံးခဲ့ကာ၊ အမျိုးသားတစ်ဦးနှင့် အတူ လက်နက်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဂျိုးဖြူအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ မနက် မှာ တိုက်ပွဲဖြစ်သွားတာပေါ့။၄၅ မိနစ်လောက်တော့ ကြာသွားတယ်။စခန်ထဲမှာတော့ ၃၀ လောက်ပဲရှိတာ။၃ ယောက်ကသေတယ်။ကျန်တာတွေကတော့ ထိခိုက်တာတွေရှိတယ်။ ကျန်တာတွေက ထွက်ပြေးသွားတယ်။ တယောက်ကတော့ ဖမ်းမိတယ်။သေနတ် နှစ်လက်နဲ့ ကျည် ၃၀၀ လောက်သိမ်း မိထားတယ်။” ဟု ဂျိူးဖြူအဖွဲ့ တာဝန်ရှိသူတစ်ဦက ဆက်ပြောသည်။

ထိုပြင် ဂျိူးဖြူအဖွဲ့မှ ကားနှစ်စီးဖြင့်ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြင်းကျဒိုးရွာသည် ရွာငံ-မန္တလေး ပြည်တောင်စု ကားလမ်းမ ပေါ်တွင်ရှိပြီး ရွာငံမြို့နှင့် ၁၈ မိုင်ခန့်သာဝေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...