Thursday, May 2, 2024

ကားပေါ်မှ မှန်ချစဉ် မှန်ပိမိ အမျိုးသား ၄ ဦး ဒဏ်ရာရ

Must read

သျှမ်းပြည် အောင်ပန်းမြို့တွင် အမျိုးသားလေးဦး ကားပေါ်မှ မှန်ချနေစဉ် မှန်များကွဲပြီး လူပေါ်ပိသွားသည့် အတွက်ကြောင့် အမျိုးသား (၄)ဦး ခြေထောက်ကျိုးသည်အထိဒဏ်ရာပြင်းထန်ခဲ့‌ကြောင်း စုံစိမ်းသိရသည်။

သျှမ်းပြည် အောင်းပန်းမြို့ ရပ်ကွက် ၃ ကျောက်တိုင်လမ်း တွင် ယမန်နေ့ (ဧပြီ ၄)ရက် ညနေ ၃ နာရီဝန်းကျင် ၌ အမျိုးသား ၄ ဦး ကားပေါ်မှ မှန်ချနေစဥ် မှန်များပြိုကျကာ ပိသွားသည့်အတွက်ကြောင့် ခြေထောက်များတွင် ထိခိုက် ဒဏ်ရာများရရှိသွားခဲ့သည်။
ထိုထဲတွင် အမျိုးသား ၂ ဦး ခြေထောက်နှင့် ပေါင်ကျိုးသွားကြောင်း နာရေးကူညီမှု အသင်း အောင်ပန်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကားပေါ်ကနေမှန်ချတာ။အဲ့ဒါကို မှန်က ပြိုကျသွားပြီးကွဲသွားတော့ ၄ ယောက်လုံး ထိသွား တာပေါ့။သူတို့က ဝတ်ထားတာလည်း မလုံခြုံဘူးလေ။ခြေထောက်က ၁ယောက် ပေါင်ကတစ်ယောက် ကျိုးသွားတယ်။ မှန်ကလည်းအများကြီးလေ။ခြေထောက်တွေ လက်တွေတော့ မှန်တွေရှသွားတာပေါ့။”ဟု ၎င်းက ပြောသည်။

ထို မှန်ပြိုကျ၍ ထိုခိုက်သော အမျိုးသားသည် အသက် ၂၅ မှ ၃၀ ဝန်းကျင် ကြားဖြစ်ကြောင်း သိရပြီး ခြေထောက်နှင့် ပေါင်ကျိုးသွားသည့် အမျိုးသား ၂ကို တောင်ကြီးစဝ်စံထွန်ဆေးရုံသို့ လွဲပြောင်း ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article