သီပေါမြို့ အရပ်သားနေအိမ်သို့ TNLA တပ်သား အချိန်မတော် ဝင်ရောက် အမျိုးသားကို အကြောင်းမဲ့ရိုက်နှက်

သျှမ်းပြည် သီပေါမြို့ ဝမ်ဟိုင်းကျေးရွာအုပ်စု နမ့်ဟူးနွဲ့ကျေးရွာရှိ နေအိမ်တစ်လုံးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ညအချိန်မတော် ဝင်ရောက်ပြီး၊ အိမ်ရှင်အမျိုးသားကို အကြောင်းမဲ့ သေနတ်ဒင်းဖြင့်ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါ

လွန်ခဲ့သည့် မတ် ၁၀ရက် ညသန်းခေါင် အချိန်တွင် သီပေါမြို့ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ ကျေးရွာရှိ နေအိမ်တစ်လုံးထဲသို့ TNLA တပ်သား(၆)ဦးက စစ်ယူနီဖောင်းဝတ်ဆင်ပြီး အတင်းအဓမ္မ ဝင်ရောက်ကာ အိမ်ရှင်အမျိုးသားကို သေနတ်ဒင်းဖြင့် အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း ဖြစ်စဥ်ကို သိသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ညသန်းခေါင် အချိန် တံခါးကို သေနတ်နဲ့ထုပြီး ဆောင့်ကန်ဝင်လာတာ။ အဲ့မှာ အိမ်ရှင်အမျိုးသားကို ဆွဲထုတ်ပြီး သေနတ်ဒင်းနဲ့ထုရိုက်တာပဲ။ ဒဏ်ရာကတော့ ခေါင်းမှာ ညိုမဲဒဏ်ရာရသွားတယ်” ၎င်းအမျိုးသားက ဆိုသည်။

အဆိုပါ TNLA တပ်သား(၆)ဦး အရပ်သားအိမ်ထဲသို့ အတင်းအဓမ္မ ဝင်လာစဥ်တွင် ထိုအိမ်ထဲတွင် မိသားစုဝင် ၄ဦးနေထိုင်ပြီး၊ အိမ်ရှင်အမျိုးသားကို သေနတ်ဒင်းနဲ့ရိုက်နှက်ချိန်တွင်လည်း “ သတိထားပြီးနေ၊ နောက်ဒီထက်နာမယ်”ဆိုပြီး ခြိမ်းခြောက်ပြောဆိုကာ ပြန်ထွက်သွားကြောင်း နမ့်ဟူးနွဲ့ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ထပ်လောင်းပြောသည်။

TNLA တပ်သားများသည် ညအချိန်မတော် အရပ်သားနေအိမ်ထဲသို့ အတင်းအဓမ္မဝင်ရောက်ပြီး အိမ်ရှင် အမျိုးသားကို သေနတ်ဒင်းဖြင့်ရိုက်နှက်မှုကြောင့် ပြည်သူများနောက်ထပ်မံလာရောက်ပြီးပြုလုပ်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

TNLA

ထို့အပြင် မတ်လ ၉ ရက်မှ စတင်ကာ ယနေ့အချိန်အထိ နမ့်ဟူးနွဲ့ကျေးရွာအတွင်း အဝင်အထွက်လမ်းများ အားလုံးကို TNLA က တားမြစ်ပိတ်ပင်ထားပြီး ဒေသခံများ တောင်ယာခြံ သွားခွင့်လည်း ပိတ်ပင်ထားကြောင်း နမ့်ဟူးနွဲ့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယင်းကဲ့သို့ ကိစ္စဖြစ်စဥ် နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေး ဌာန နှင့် ပြောရေးဆိုခွင့် ရှိသူထံသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

၁၀၂၇ စစ်ဆင်းရေး သီပေါမြို့နယ်တွင်း စတင်ချိန်မှ စတင်ကာ TNLA တပ်သားများက မြို့နယ်တွင်းရှိ ကျေးရွာများ အချို့၌ TNLA တပ်သားများက နေရာယူ တပ်စွဲနေထိုင်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး အတွင်း ဗုံးခွဲဖျက်ဆီးခံထားရသည့် သီပေါမြို့မှ ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတား၊ သီပေါ-လားရှိုးအကြားရှိ စဉ့်အင်တံတား၊ သီပေါ-နမ္မတူအကြားရှိ မိုးတေတံတားတို့အား လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သီပေါဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...