Wednesday, January 28, 2026

သီပေါမြို့ အရပ်သားနေအိမ်သို့ TNLA တပ်သား အချိန်မတော် ဝင်ရောက် အမျိုးသားကို အကြောင်းမဲ့ရိုက်နှက်

သျှမ်းပြည် သီပေါမြို့ ဝမ်ဟိုင်းကျေးရွာအုပ်စု နမ့်ဟူးနွဲ့ကျေးရွာရှိ နေအိမ်တစ်လုံးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ညအချိန်မတော် ဝင်ရောက်ပြီး၊ အိမ်ရှင်အမျိုးသားကို အကြောင်းမဲ့ သေနတ်ဒင်းဖြင့်ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါ

လွန်ခဲ့သည့် မတ် ၁၀ရက် ညသန်းခေါင် အချိန်တွင် သီပေါမြို့ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ ကျေးရွာရှိ နေအိမ်တစ်လုံးထဲသို့ TNLA တပ်သား(၆)ဦးက စစ်ယူနီဖောင်းဝတ်ဆင်ပြီး အတင်းအဓမ္မ ဝင်ရောက်ကာ အိမ်ရှင်အမျိုးသားကို သေနတ်ဒင်းဖြင့် အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း ဖြစ်စဥ်ကို သိသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ညသန်းခေါင် အချိန် တံခါးကို သေနတ်နဲ့ထုပြီး ဆောင့်ကန်ဝင်လာတာ။ အဲ့မှာ အိမ်ရှင်အမျိုးသားကို ဆွဲထုတ်ပြီး သေနတ်ဒင်းနဲ့ထုရိုက်တာပဲ။ ဒဏ်ရာကတော့ ခေါင်းမှာ ညိုမဲဒဏ်ရာရသွားတယ်” ၎င်းအမျိုးသားက ဆိုသည်။

အဆိုပါ TNLA တပ်သား(၆)ဦး အရပ်သားအိမ်ထဲသို့ အတင်းအဓမ္မ ဝင်လာစဥ်တွင် ထိုအိမ်ထဲတွင် မိသားစုဝင် ၄ဦးနေထိုင်ပြီး၊ အိမ်ရှင်အမျိုးသားကို သေနတ်ဒင်းနဲ့ရိုက်နှက်ချိန်တွင်လည်း “ သတိထားပြီးနေ၊ နောက်ဒီထက်နာမယ်”ဆိုပြီး ခြိမ်းခြောက်ပြောဆိုကာ ပြန်ထွက်သွားကြောင်း နမ့်ဟူးနွဲ့ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ထပ်လောင်းပြောသည်။

TNLA တပ်သားများသည် ညအချိန်မတော် အရပ်သားနေအိမ်ထဲသို့ အတင်းအဓမ္မဝင်ရောက်ပြီး အိမ်ရှင် အမျိုးသားကို သေနတ်ဒင်းဖြင့်ရိုက်နှက်မှုကြောင့် ပြည်သူများနောက်ထပ်မံလာရောက်ပြီးပြုလုပ်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

TNLA

ထို့အပြင် မတ်လ ၉ ရက်မှ စတင်ကာ ယနေ့အချိန်အထိ နမ့်ဟူးနွဲ့ကျေးရွာအတွင်း အဝင်အထွက်လမ်းများ အားလုံးကို TNLA က တားမြစ်ပိတ်ပင်ထားပြီး ဒေသခံများ တောင်ယာခြံ သွားခွင့်လည်း ပိတ်ပင်ထားကြောင်း နမ့်ဟူးနွဲ့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယင်းကဲ့သို့ ကိစ္စဖြစ်စဥ် နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေး ဌာန နှင့် ပြောရေးဆိုခွင့် ရှိသူထံသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

၁၀၂၇ စစ်ဆင်းရေး သီပေါမြို့နယ်တွင်း စတင်ချိန်မှ စတင်ကာ TNLA တပ်သားများက မြို့နယ်တွင်းရှိ ကျေးရွာများ အချို့၌ TNLA တပ်သားများက နေရာယူ တပ်စွဲနေထိုင်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး အတွင်း ဗုံးခွဲဖျက်ဆီးခံထားရသည့် သီပေါမြို့မှ ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတား၊ သီပေါ-လားရှိုးအကြားရှိ စဉ့်အင်တံတား၊ သီပေါ-နမ္မတူအကြားရှိ မိုးတေတံတားတို့အား လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သီပေါဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...