စစ်ကောင်စီနှင့် အပေးအယူလုပ်ပြီးနောက် MNDAAက ချင်းရွှေဟော် နယ်စပ်ဂိတ်ပြန်ဖွင့်

သျှမ်းပြည် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်‌ကောင်စီနှင့် ညီနောင်မဟာမိတ် တို့ အပေးအယူလုပ်ပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၁ ရက်) မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ (၄)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း နယ်စပ်ဖြတ်သန်း သွားလာနိုင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း ချင်းရွှေဟော်ဒေသခံများက ပြောသည်။

“ဖွင့်ပြီလို့ပြောတာ၊ မနေ့ကပဲ စဖွင့်ပြီ။ ဒီဘက်က ကိုယ့်နိုင်ငံက လဝက လူတွေလည်း ထိုင်ထားတယ်။ ခါတိုင်းလို တုံးထုပြီးမှ ဝင်ရမယ်လို့ပြောတာ။ မြန်မာပြည်က လူတော့ လောလောဆယ် ဝင်လို့မရသေးဘူး။ တရုတ်ပြည်ကလူတော့ ဒီဘက်ထဲ လာလို့ရတယ်။ တခုခုတော့ လိုနေတာ အဲ့တာဘာလဲမသိဘူး”ဟု ချင်းရွှေဟော်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကတည်းက ကိုးကန့်တပ်ဖွဲ့ MNDAA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ၄ လကျော်အကြာတွင်မှ ကိုးကန့်တပ်ဖွဲ့ တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အဖြစ် ယခုကဲ့သို့ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

“စာအုပ်ကတော့ အရင်ကဟာပဲ၊ မြန်မာပြည်က ဝန်ထမ်းတွေလည်း ဟိုမှာသွားထိုင်တယ်။ ဗမာကော ကိုးကန့်ကော တွဲဘက်ထိုင်တာ၊ သူတို့ ဘယ်လိုရာခိုင်နှုန်းနဲ့ ပြန်လုပ်မလဲ မသိဘူး”ဟု ချင်းရွှေဟော်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်တွင် မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်)မြို့ရှိ ဝမ်တိန် နယ်စပ်ဂိတ်နှင့် လောက်ကိုင်မြို့နယ် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို မတ်လ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက အတည်ပြုသည်။

“ဒီနယ်စပ်ဂိတ်က ၃ လပိုင်း ၁၁ ရက်မှာ ပြန်ဖွင့်တယ်လို့တော့ ပြောလာပါတယ်။ နယ်စပ်ကူးလက်မှတ်တွေ ယူထားတဲ့ လူတွေက သွားသွားလာလာ လုပ်လို့ရနေပြီလို့တော့ ပြောပါတယ်။ လောလောဆယ်တော့ အဟောင်းကိုပဲ သုံးနေပါသေးတယ်။ အခုမှ စဖွင့်တယ်ဆိုတော့ လုပ်ငန်းလည်ပတ်မှုက ထွေထွေထူးထူး မသိရသေးပါဘူး”ဟု ကိုးကန့်တပ် ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ၏ စီစဉ်ပေးချက်အရ ကူမင်းမြို့၌ စတုတ္ထအကြိမ် တွေ့ဆုံပွဲတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား “ဟိုင်ဂင် သဘောတူညီချက်”အရ သျှမ်းမြောက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားရမည်ဖြစ်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ကို ကတိပြုခဲ့ကြောင်း သိရသည်။

၎င်းတွေ့ဆုံဆွေးနွေးမှု နောက်ပိုင်း ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီ၏ အကောက်ခွန် စစ်ဆေးရေး၊ လူ၀င်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှလည်း ပူးတွဲတာ၀န်ယူရန်၊ အခွန်ကောက်ခံရရှိငွေကို ညီနောင်မဟာမိတ် (၃)ဖွဲ့ကိုယ်စား ကိုးကန့်တပ်ဖွဲ့က ၇၀% ရယူပြီး စစ်ကောင်စီက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း နှစ်ဘက်စလုံးက ထုတ်ဖော်အတည်ပြုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရားမဝင် တရုတ်နိုင်ငံသား (၁၀၈)ဦးနှင့် ဆက်စပ်ပစ္စည်းများကို ရန်လုံကျိုင်း နယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံသို့ လွှဲအပ်ပေးခဲ့ကြောင်း ကိုးကန့်မီဒီယာမှ သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...