လားရှိုး ဒေသခံများကို အလှည့်ကျရေခပ်၊ ဆိုင်ကယ်ငှားရမ်းပေးရန် TNLA မှအတင်းစေခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့နယ် ဒေသခံများကို အလှည့်ကျရေခပ်ပေးရန်နှင့် ဆိုင်ကယ်ငှားရမ်းပေးရန်အတွက် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှအတင်းစေခိုင်းနေကြောင်း စုံစမ်းနေကြောင်းသိရသည်။

လားရှိုးမြို့

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုနှင့် ခုန်စုန်ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့မှ တပ်ရင်း ၅၅၇ အောင်ဆာဆိုသူက ၎င်းတို့ ချိုးရေ၊ သုံးရေအတွက် ဒေသခံများကို အလှည့်ကျရေခပ်ခိုင်းစေသည့်အပြင် တပ်သားများ သွားလာရန်အတွက် ဆိုင်ကယ် နှစ် စီးမှ လေးစီးအထိ ပို့ဆောင်ခိုင်းကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ရွာထဲကိုဝင်လာကတည်းကပဲ ဘယ်ရွာရောက်ရောက် ရွာသားတွေကို အလှည့်ကျဆိုင်ကယ်နဲ့ သွားချင်တဲ့နေရာပို့ခိုင်းတာ။ အခုကျသွားမပို့ရပေမယ့် တစ်နေ့ဆိုင်ကယ် ၂ စီးကို သူတို့ကိုပေးရတယ်။ အလှည့်ကျနဲ့ပေါ့။ နောက်ပြီး သူတို့ချိုးရေ၊ သုံးရေအတွက် မနက်တစ်ခေါက်၊ ညနေတစ်ခေါက် အလှည့် ရေခပ်ပေးရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ 

အဆိုပါကျေးရွာအတွင်း TNLA တပ်ဖွဲ့မှ စတင်လှုပ်ရှားလာချိန် “၁၀၂၇ စစ်ဆင်ရေး” ကာလအစောပိုင်း ကတည်းကစပြီး ဒေသခံများသည် ရေခပ်၊ ဆိုင်ကယ်ငှားရမ်းပေးရန် အတင်းခိုင်းစေခြင်းခံရာ လက်ရှိအချိန်ထိ ၃ လကြာပြီဖြစ်သော်လည်း TNLA တပ်သားများအတွက် ပြုလုပ်ပေးနေရဆဲကြောင်း သိရသည်။ 

“စစ်သားတွေဆိုကတည်းကတော့ ကျနော်တို့မှာ ကြောက်နေရတာပေါ့။ ငါတို့ကိုရေလာပို့ပေးဆိုလည်း ကျနော်တို့က မပို့ချင်လည်း ပို့ပေးရတာ။ ဆိုင်ကယ်ရှာပေးဆိုလည်း ကျနော်တို့ဘက်က ဘာမှမတတ်နိုင်ဘူး။ ဆိုင်ကယ်မရှိရင်လည်း ဝယ်ပေးလိုက်တယ်။ ဘာမှမငြင်းရဲဘူး” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ TNLA လက်အောက်ခံတပ်သားအချို့ လုပ်ရပ်များကြောင့် ကျေးရွာအတွင်း စုပေါင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအချင်းချင်း အမြင်မှားစေပြီး တစ်ဦး၊ တစ်ဖွဲ့ကို မုန်းတီးရာမှ လူမျိုးရေး ပဋိပက္ခ ဖြစ်စေလာနိုင်ကြောင်း၊ အထက်ပါလူကြီးများမှ လက်အောက်ခံငယ်သားများကို စိစစ်သင့်ကြောင်း ဒေသခံများက တောင်းဆိုထားသည်။

အလားတူ သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု၊ ပန်လန်းရွာကျေးရွာနှင့် နားကြူကျေးရွာအကြား လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ကလည်း ဒေသခံများကို ထမင်းဟင်းချက် ပို့ပေးရန် အတင်းစေခိုင်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...