Tuesday, May 7, 2024

ကွမ်းလုံ တံတားသစ်တွင် NUG ကာဝန် ဦးရည်မွန် ဓာတ်ဖမ်းသည့် ရုပ်သံထွက်ပေါ်

Must read

ကိုးကန့်ဒေသရှိ နာမည်ကျော် ကွမ်းလုံ တံတားသစ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် MNDAA တာဝန်ရှိသူများ မှတ်တမ်းဓာတ်ပုံ ရိုက်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် လောက်ကိုင်မြို့၌ ကျင်းပသည့် ကိုးကန့်ဒေသ တစ်ခုလုံး စစ်အာဏာရှင်အောက်က လွတ်မြောက်သည့် အခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန် နှင့် သပိတ်ခေါင်းဆောင် ဒေါက်တာတေဆန်းတို့ တက်ရောက်ခဲ့ရာ ယခုကဲ့သို့ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

ယင်းအခမ်းအနားသို့ MNDAA ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အတူ မဟာမိတ် တော်လှန်ရေး အင်အားစု ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခင်တည်ရှိသည့် ကွမ်းလုံ ကြိုးတံတားဟောင်း ခံနိုင်ဝန် လျှော့နည်းလားပြီးနောက် NLD အစိုးရလက်ထက်က တံတားသစ်ကို တရုတ် အစိုးရက တည်ဆောက်ပေးရန် သဘောတူညီခဲ့ပြီးနောက် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

တံတား တည်ဆောက်ပြီးနောက် ဖွင့်ပွဲပြုလုပ်ရန် ရက်ပိုင်းအလိုတွင် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ အနေဖြင့် တံတားဖွင့်ပွဲ ပြုလုပ်ခွင့်မရခဲ့ဘဲ ကိုးကန့်ဒေသကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article