သိန္နီ မြို့သိမ်းတိုက်ပွဲအတွင်း ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ကြောင်း PLA ပြော

သျှမ်းပြည် သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော ပြည့်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ကြောင်း သတင်းသိရသည်။

PLA

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှ ရဲဘော် ၁၂ ဦးသည် သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း အသက်စွန့်ခဲ့ကြကြောင်း ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်)က သတင်းထုတ်ပြန်လာသည်။

သိန္နီမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုသည် PLA ရဲဘော်များက ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သည့်အတွက် ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲသွားမည်ဖြစ်ကြောင်း PLA တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် ကျဆုံးခဲ့သည့် ရဲဘော်များကို “သိန္နီတိုက်ပွဲ အာဇာနည်”များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပြီး မိသားစုများနှင့် ထပ်တူဝမ်းနည်းကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဗဟိုနိုင်ငံရေးဌာနက ထုတ်ပြန်ကြေညာသည်။

သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် PLA တပ်ဖွဲ့၏ ရဲဘော်အရေအတွက်နှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းတို့ကို သျှမ်းသံတော်ဆင့်မှ PLA ထံသို့ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်က သိန္နီမြို့သိမ်းတိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး လားရှိုး-သိန္နီအကြားရှိ အကောက်ခွန်ဦးစီးဌာန လက်အောက်ခံ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၇ ရက်နေ့က သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့က “၇၂”ရက်ကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...