ရွာငံတွင် သူခိုးများသောင်းကြမ်း ဒေသထွက်သီးနှံများကိုပါ ခိုးယူမှုရှိနေ

သျှမ်းပြည် တောင်ပိုင်း ရွာငံဒေသဖက်တွင် သူခိုးများ သောင်းကြမ်းနေပြီး ဒေသထွက်သီးနှံများကိုပါ ခိုးယူမှုရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ရွာငံမြို့

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာဖက်တွင် သူခိုးများသောင်းကြမ်းနေပြီး ဒေသထွက်သီးနှံဖြစ်သည့် လိမ္မော်သီးတွေကိုခိုးယူမှုထိရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လိမ္မော်သီးကလဲစျေးကမကောင်းဘူး၊ ခုတလောမိုးကလဲအုံ့တော့ အသီးတွေကလည်း ပျက်တယ်။ ကြားထဲ သူခိုးကလည်း သောင်းကြမ်းနေတော့ ပိုဆိုးတာပေါ့။ စားဖို့တောင် အနိုင်နိုင်နဲ့ အဆင်မပြေဘူး”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောထားသည်။

သူခိုးများ သောင်းကြမ်းနေမှုကြောင့် လိမ္မော်ခြံထဲတွင် အစောင့်များငှားပြီး စောင့်ကြည့်ခိုင်းထားသည့်အဆင့်ထိရောက်နေကြောင်းသိရသည်။

“သူခိုးကလဲ အုပ်စုဖွဲ့ခိုးကြတာ၊ ကိုယ်တိုင်ကလဲ ခြံကိုသွားမကြည့်နိုင်ဘူးလေ။ လူငှားပြီး ကြည့်ခိုင်းထားရတာ၊ ခြံစောင့်ထားလဲ ပျောက်သေးတာပဲ၊ ခုတလောက လိမ္မော်သီး မှည့်ချိန်ဆိုတော့ သူခိုးတွေလဲများနေကြတာ”ဟု အသက်၃၀ ကျော်အရွယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမတည်ငြိမ်မှုကြောင့် အလုပ်ကိုင်များရှားပါးလာကာ စားဝတ်နေရေးခက်ခဲမှုကြောင့် သူခိုးများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ၄င်းအမျိုးသားက ဆက်လက်ပြောထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုလည်း မရှိတာကြောင့် တိုင်တန်းမှု ပြုလုပ်သည်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးတာမျိုးလည်း မရှိတာကြောင့် ဒေသခံများ မလုံခြုံမှုကို ခံစားနေကြရပါသည်။ လက်ရှိမှာလည်း ရွာငံမြို့နယ် ကျေးရွာအများစုတွင် အိမ်တွင်းဖောက်ပစ္စည်းခိုးယူခြင်း၊ ရာသီပေါ်သီးနှံခိုးယူခြင်း ပိုမိုများပြားလာခဲ့ကြောင်း ဒေသခံများထံသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...