သီပေါ-နမ္မတူကြား မိုးတေ တံတား ထပ်မံဖျက်ဆီးခံရ

သျှမ်းပြည် သီပေါမြို့နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား တစ်စင်းထပ်မံ ဖျက်စီးခံလိုက်ရပြီး ယာဉ်ကြီးများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း စုံစမ်းသိရသည်။

မိုးတေတံတားဖျက်ဆီးခံရ

ယမန်နေ့ (ဒီဇင်ဘာလ ၂၈ ရက်) ညနေပိုင်းအချိန်တွင် သီပေါမြို့နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား တစ်စင်းမှာ ထပ်မံဖျက်ဆီးခံရပြီး ဆိုင်ကယ်မှလွဲ၍ အခြားယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တံကားကတစ်စင်းလုံးတော့ မကျိုးကျသေးဘူး။ ဆိုင်ကယ်တွေတော့ သွားလို့ရသေးတယ်။ ယာဉ်ကြီးတွေဖြစ်တဲ့ ကားတွေ၊ ကုန်တင်ကားတွေတော့ ဖြတ်လို့မရတော့ဘူး။ မနေ့ကကျနော်တို့ သီပေါကနေ နမ္မတူလာဖို့ လုပ်သေးတယ်။ ဒါပေမယ့် စစ်တပ်က ပေးမဖြတ်ဘူး ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုးတေတံတားသည် သီပေါမြို့နယ်နှင့် နမ္မတူမြို့ကို အဓိကဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်သည့် အလျှောက် လက်ရှိတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံနှင့်စစ်ဘေးရှောင်များ အားထားရာ တံတားတစ်စင်းလည်း ဖြစ်သည်။

တအာင်း (ပလာင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဘက်က သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားကို စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှ လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မိုးတေတံတားဖျက်ဆီးခံရ

ယင်းကဲ့သို့ တံတားပျက်စီးသွားပြီးနောက် ဒေသခံနှင့်စစ်ဘေးရှောင်များအနေဖြင့် ဖြတ်သန်းသွားလာရန် ခက်ခဲသွားကြောင်း သီပေါမြို့စစ်ဘေးရှောင် ကူညီသူအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“အခုတံတားပျက်သွားတော့ သွားလာဖို့ ခက်သွားတာတော့ အသေအချာပဲ။ မူဆယ်၊ နမ့်ခမ်းကနေ လာတဲ့သူတွေလည်း ဒီတံတားကို ဖြတ်လို့မရတော့သလို မန္တလေး၊ နောင်ချို၊ ကျောက်မဲမြို့ကနေ လားရှိုးကိုသွားချင်ရင်လည်း သွားလို့မရတော့ဘူး။ ကျမတို့လည်း စစ်ဘေးရှောင်အတွက် စားနပ်ရိက္ခာ သယ်ချင်ရင် ဒီလမ်းကိုသုံးလို့မရတော့ဘူး။ တခြားလမ်းတွေအသုံးပြုရမယ်၊ အဲ့လမ်းကဝေး လည်းဝေးတယ်”ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းမြောက်ဒေသရှိ ကုန်သွယ်ရေးအတွက် အရေးပါသည့်တံတားများသည် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်သည့် နှစ်လကျော်ကာလအတွင်း သီပေါ-နမ္မတူကြား မိုးတေတံတားအပါအဝင် ၅ စင်းပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ သျှမ်းမြောက်ဒေသ နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့ နှင့် နမ္မတူမြို့ကို တအာင်း တပ်ဖွဲ့ (TNLA) ဘက်မှ အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သကဲ့သို့ သီပေါမြို့နှင့် ကျောက်မဲမြို့ စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...