စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ဓနုအမျိုးသားနေ့ကို DPLF ရှုံ့ချ

စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ” ဓနုအမျိုးသားနေ့” ကို ဓနုတိုင်းရင်းသား လူမျိုးတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းရတယ်လို့ ဓနုပြည် သူ့လွတ်မြောက်ရေးတပ်ဦး DPLF က သတိပေးထုတ် ပြန်ထားသည်။

ယနေ့ (ဒီဇင်ဘာလ ၂၀) ရက်တွင် ဆဌမကြိမ်မြောက် ကျရောက်သည့် “ဓနုအမျိုးသားနေ့” ကို ဓနုအမျိုးသား အဖွဲ့ချုပ်နှင့် စစ်ကောင်စီတို့ပူးပေါင်းပြီး ပင်းတယမြို့တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်နေ ကြောင်း သိရသည်။

“တိုင်းပြည်အရပ်ရပ်မှာ ဖက်ဒရယ်အရေး ကြိုးပမ်းနေကြတဲ့အချိန်မှာ စစ်ကောင်စီ အလိုကျ အမျိုးသားနေ့ကို ခမ်းခမ်းနားနားကျင်းပနေတာက ကိုယ်ချင်းစာတရား ခေါင်းပါးရာရောက်တော့ ဓနုတိုင်းရင်းသား တစ်ယောက် အနေနဲ့ အရမ်းရှက်မိတယ်ဗျ”ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်နိုင်ငံတစ်ဝှမ်းလုံးတွင် ဓနုတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားလူမျိုးအသီးသီးက သောကအမျိုးမျိုးကြုံတွေ့နေရသည်ကို စာနာသည့်အနေဖြင့် ဓနုတိုင်းရင်းသားများ အမျိုးသားနေ့တွင် ပျော်ပွဲရွှင်ပွဲများ အားတက်သရော ပြုလုပ်ရန် လုံးဝမသင့်လျော်သည့်အချိန်ဖြစ်နေကြောင်း DPLF က ထုတ်ပြန်ထားသည်။

“ဓနုလူမျိုးတွေရဲ့ပြီးပြီးရော့ ဆိုတဲ့ လက်ခံမှုတွေဟာကောင်းတဲ့စရိုက်လက္ခဏာတော့မဟုတ်ဘူး၊ဓနုလူမျိုးတွေဟာရိုးသားဖြူစင်ကြတယ်ဆိုတဲ့ဂျင်းထည့်ခံဘဝနှင့်တင်းတိမ်ရောင့်ရဲနေကြရတယ်။ယဉ်ကျေးမှု(စာ/ယဉ်)ဆိုတာလည်းအဖွဲ့အမျိုးမျိုးကွဲပြီး‌အသွင်အမျိုးမျိုးဖော်ဆောင်နေကြတာ၊အခြားရေးစရာတွေလည်းအများကြီးပေါ့၊ဒီလိုအပေါ်ယံရွှေမှုန်ကြဲအနှစ်မရှိတဲ့ ဓနုအမျိုးသားနေ့ကိုတော့ ကျမအနေနဲ့ ရွှံရှာမိပါတယ်” ဟု ဓနုအမျိုးသားအဖွဲ့ချုပ် အဖွဲ့၀င်တစ်ဦး ကပြောသည်။

ထို့ကြောင့် ဓနုအမျိုးသားနေ့ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုသော်လည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အမျိုးသားနေ့ အခမ်းအနားကို ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည့် ဓနုအမျိုးသားအဖွဲ့ချုပ်နဲ့တကွ ပူးပေါင်းပါဝင်သူအားလုံးကို DPLF အနေဖြင့် ဆန့်ကျင်ရှုတ်ချကြောင်း အသိပေးထုတ်ပြန်ထားသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဆင်နွှဲသော “၁၀၂၇ စစ်ဆင်ရေး” တွင် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)တို့လည်းမြို့ သိမ်းတိုက်ပွဲများ တွင် ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။

“၁၀၂၇စစ်ဆင်ရေး”ကို MNDAA၊ TNLA၊ AAစသည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်ဆင်နွှဲ နေပြီး မန္တလေးPDF၊ KNDF၊ BPLA၊ DPLFနှင့် အခြားတော်လှန်ရေးအင်အားစုများက ပါဝင် တိုက်ခိုက်နေ ကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...