မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည် မူဆယ်မြို့နယ် တုန့်ခန်အောက်ကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၁) ရက် ညနေ ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်သွားခဲ့ကြောင်း မူဆယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ဟက်စကီးနဲ့ တစ်စီးလာတယ်။ Fighter JET(1)နဲ့လည်း လာပစ်သွားတယ်။ ဟက်စကီးကတော့ ဗုံးနဲ့ကော သေနတ်နဲ့ကောပစ်သွားတယ်။ ထိခိုက်မှုကတော့ မသိရသေးဘူး။TNLA တွေရောက်နေတယ် လို့ထင်တယ်” ဟုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ( နိုဝင်ဘာလ ၃၀) ရက်တွင် စစ်ကောင်စီ တပ်စွဲနေထိုင်သည့် မူဆယ်မြို့နယ် တုန်ခန်ကျေးရွာ အတွင်းသို့ ညီနောင်မဟာမိတ် တပ်ဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားနေအိမ် များစွာ ထိခိုက်ပျက်စီးကြောင်း သိရသည်။











Leave a Comments