စစ်ကောင်စီကို ရွံမုန်းသလို မြောက်ပိုင်းအဖွဲ့ကိုလည်း မရွံမုန်းလာစေလို

သျှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်း စစ်ရေးမဟာမိတ် ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေရာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ တပ်စခန်း ငယ်ပေါင်း ရာဂဏန်း သိမ်းပိုက်လိုက်တဲ့အပေါ် နိုင်ငံတဝှမ်းနေ လူထုတစ်ရပ်လုံးက ကျေနပ် ဝမ်းသာနေကြပါတယ်။ နောက်ကွယ်မှာ ကြိတ်မှိတ်ခံစားနေရတဲ့ သျှမ်းလူထုကတော့ ….

လက်ရှိမှာ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ – ကုန်းကြမ်း၊ ကွန်းလုံ (ကွမ်းလုံ) ၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသကို ထိမ်းချုပ်ထားနိုင်သလို ပန်ဆိုင်း(ကြူကုတ်)၊ နမ့်ခမ်းမြို့တို့ကိုလဲ စစ်ကောင်စီကို ပိတ်ဆို့ တိုက်ခိုက် နေတဲ့အနေထားမှာ စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီးငယ် ၂၀၀ ကျော် သိမ်းပိုက်နိုင်တယ်။ ပြီးတော့ တပ်မမှူး တပ်ရင်းမှူး အဆင့် အပါအဝင် တိုက်ခိုက်ရေး အင်အား ၃၀၀ ခန့် ကလဲ လက်နက်ချ အညံ့ခံ လာတဲ့အပေါ်  စစ်ဘေးစစ်ဒဏ်ကြောင့် ရင်နင့်ကြေကွဲနေတဲ့ မြောက်ပိုင်းလူထုကလဲ အပြုံးပန်းဝေ မိတာအမှန်ပါ။ မျက်ရည်ကြားက အပြုံးလို့ ဆိုရမှာပါပဲ။

ဒါ့ကြောင့် နေပြည်တော်မှာ အောင်မြေနင်းနိုင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ပါဝင်တိုက်ခိုက်ပေးဖို့ မြောက်ပိုင်း အဖွဲ့ကို လူထုတစ်ရပ်လုံးက စောင့်ကြို မျှော်လင့်နေကြပါတယ်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးမှာတော့ စစ်ကောင်စီထောက်ပို့လမ်း ဖြတ်တောက်နိုင်ဖို့ မန္တလေး- လားရှိုး – မူဆယ်ပြည်ထောင်စုလမ်းပေါ်ရှိ သီပေါကျင်သီတံတား၊ သိန္နီ နမ္မတူမြစ်ကူးတံတားကြီး နှစ်စင်းနဲ့ သိန္နီ – ကွမ်းလုံ – ချင်းရွှေဟော် ပြည်ထောင်စုလမ်းပိုင်းရှိ ကွမ်းလုံမြို့နယ် တံတားကြီးငယ်တွေကို မြောက်ပိုင်း စစ်ရေးမဟာမိတ် ၃ ဖွဲ့ က မိုင်းခွဲ ဖျက်ဆီးလိုက်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ ကြည်းကြောင်းထောက်ပို့လမ်းပိုင်းကို ဖြတ်တောက်ထားနိုင်တယ်ဆိုပေမယ့် လူထု အခက်အခဲ ကြုံစေပါတယ်။

စစ်အာဏာရှင် ခြေမှုန်းရေးကြောင့် လူထုက အဲ့ဒီ့ အခက်အခဲကို ဂရုမမူပါဘူး။ ဒါပေမယ့် လူထု အသည်းနှလုံးကို ထိခိုက်စေတာက ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်တွေ ၃ ဖွဲ့က စစ်ဘေးရှောင်လူထုထံ ဆက်ကြေး ပြန်ကောက်နေမှုပါပဲ။

သိန္နီမြို့တွင်းကို မြောက်ပိုင်းမဟာမိတ် ဝင်ရောက်စီးနင်းထားချိန် စစ်ကောင်စီတပ်က ဗုံးကြဲလို့ သေဆုံးသွားတဲ့ ဒေသခံ ရုပ်အလောင်းတချို့ ပုတ်ပွတဲ့အထိ မသင်္ဂြိုလ်နိုင်၊ မသယ်ထုတ်နိုင်ကြပါဘူး။ ဒါကို လူထုလဲ မငြီးညူပါဘူး။

အခွင့်အရေးရလို့ မြို့ကနေထွက်ခွာပြီး စစ်ဘေးရှောင်ဖို့ ထွက်လာချိန် KIA – TNLA – MNDAA  တပ်သားတွေက ကားကြီး ကားငယ် အမျိုးအစားလိုက် အနည်းဆုံး တစ်စီးကို ကျပ်ငွေ ၂ သိန်းခွဲ ကောက်ခံခဲ့ပါတယ်။

“စစ်ကောင်စီကို တိုက်ခိုက်တာတော့ ကျမတို့ အရမ်းဝမ်းသာဂုဏ်ယူတယ်။ ချောင်လည်တဲ့အချိန် မတောင်းလဲ ကျမတို့ ထောက်ပံ့ပါတယ်။ အခုက တစ်ပူပေါ် နှစ်ပူဆင့် ငွေညှစ်ယူတဲ့ သဘောဖြစ် နေတယ်။ ဒါ့အပြင် စစ်ကောင်စီ ဗုံးကြဲအောင် လူထုရပ်ရွာအနီးမှာ တမင်တကာလာနေသလိုဖြစ် နေတယ်” လို့ သိန္နီမြို့က သားသည်မိခင်တစ်ဉီးက ငိုယိုပြီး ပြောပါတယ်။

ပိုဆိုးတာက ကိုးကန့်တပ်က လူသစ်အင်အား စုဆောင်းတဲ့ ကိစ္စပါပဲ။ အသက်မပြည့်သေးတဲ့ ကိုရင် အပါအဝင် ဘုန်းတော်ကြီးတွေကိုပါ လူဝတ်လဲခိုင်းပြီး စစ်မှုထမ်းစေတဲ့ ကိစ္စပါ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုး သျှမ်းလူမျိုးတွေ အတွက်  ရင်ကျိုးမတတ် ခံစားရတဲ့ ကိုးကန့်တပ်ရဲ့ ပြစ်မှုကျူးလွန်တဲ့ လုပ်ရပ်ပါဘဲ။ “ကွန်မြူနစ်တွေက အရမ်းရိုင်းတယ် ဘုရား တရားလဲမရှိဘူးဆိုတဲ့”  – 1950 ပြည့်လွန် နှစ်တွေတုန်းက ဗကပ ကိုမြင်သလို အမြင်မျိုး ကိုးကန့်တပ်နဲ့ မြောက်ပိုင်းတပ်အပေါ် ထပ်မမြင် စေလိုတာအမှန်ပဲ။

စစ်ရေးကြောင့် လမ်းတံတားဖျက်တယ်ဆိုတာ လူထု နားလည်ပါတယ်။ နေအိမ် ကျွဲ နွား နဲ့ ခြံထွက် သီးနှံတွေကို ပြန်ကြည့်ဖို့ ခွင့်မပြုပဲ လူထုထွက်ပြေးချိန် လူထုအိမ်ပေါ်တက်၊ ပစ္စည်းတွေ မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းယူဆောင်သွားတာတွေကို တအာင်း (ပလောင်) TNLA တပ်လဲ ကျူးလွန်နေတဲ့အပေါ် မိုင်းကျက်ဒေသခံလူထုက မကျေနပ်ပါဘူး။

လက်ရှိ နမ့်ခမ်းမြို့မှာလဲ တအာင်း (ပလောင်) တပ်က လူထုရပ်ရွာနေအိမ် ခြံဝန်းထဲ တက်နေ နေပါတယ်။ စစ်ကောင်စီက ရွာထဲမှာ လက်နက်ကိုင်တပ်ရှိနေရင် လူထုရပ်ရွာပါမကျန် ပစ်မှတ်ထား တိုက်ခိုက် မယ်ဆိုပြီး တရားဝင်ပြောလာတော့ TNLA က နမ့်ခမ်းမြို့ ကြေမွသွားအောင် တမင်လုပ် လာနေသလိုဖြစ်နေတယ်ဆိုတာကို နမ့်ခမ်းလူထု ဝမ်းနည်းကြေကွဲစွာနဲ့ သျှမ်းသံတော်ဆင့်ကို ရင်ဖွင့်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် လူထုအသက်အိုးအိမ်ပျက်စီး ဆုံးရှုံးမှုကို ဘယ်သူ တာဝန်ယူပေးကြမလဲ။

အဲ့ကြောင့် ၁၀၅ မိုင် ကားကြီးကွင်းမှာ ကုန်တင်ကားကြီး ရာဂဏန်း မီးလောင်မြိုက်သွင်းမှုမျိုးလို ဆုံးရှုံးမှု ထပ်မဖြစ်ဖို့၊ လူထု မြို့ရွာ ပြာမကျဖို့အတွက် ရပ်ရွာထဲကို တိုက်ပွဲဖြစ်အောင် စစ်ကိုမျှား မခေါ်မိဖို့ အရေးကြီးပါတယ်။

လူထုအသက် အိုးအိမ်စည်းဇိမ်တွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးဖို့၊ လူထုရပ်ရွာနေအိမ်ကို အကာကွယ်မယူဘဲ စစ်သည်တော်ကျင့်ဝတ်သိက္ခာနဲ့အညီ  မြင့်မြတ်စိတ်ထားရှိတဲ့ တပ်မတော်ဖြစ်ဖို့ မြောက်ပိုင်းတပ်ဖွဲ့တွေကော တော်လှန်ရေးတပ်ဖွဲ့အားလုံးကော အထူးကျင့်ကြံကြိုးစားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်လူထုအကျိုးစီးပွားအတွက် သျှမ်းပြည်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲမှာ ပါဝင်နေရတဲ့ ရက္ခိုင့်တပ်တော် AA အနေနဲ့လဲ ရခိုင်ပြည်လွတ်မြောက်ရေး အတွက် ကြိုးပမ်းနေချိန် အထက်က ပြောခဲ့သလို သျှမ်းလူထုအသည်းနှလုံးကို တက်မနင်းသွားဖို့၊ သျှမ်းလူထုနစ်နာမှုရဲ့ သမိုင်းတရားခံအဖြစ်ပါဝင်မှုမှာ ရက္ခိုင့်တပ်တော် AA အနေ အထူးသတိ မူမိစေလိုပါတယ်။  

သျှမ်းပြည်တိုးတက်ရေးတပ်ပါ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်ပါ – လို့  ကြွေးကြော်နေတဲ့ သျှမ်းပြည်တပ်မတော် နှစ်တပ်အနေနဲ့လဲ – ယနေ့တော်လှန်ရေး၊ ၁၀၂၇ စစ်ဆင်ရေး၊ သျှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ အရေးတကာ့အရေးတွေမှာ ဒီအတိုင်းလက်ပိုက်မကြည့်ပဲ မိမိမှာ တာဝန်ရှိတယ်၊ မိမိမှာ တာဝန်သိတယ်ဆိုတဲ့စိတ်ထားနဲ့ တတ်နိုင်တဲ့ဘက်က သျှမ်းလူထု အသက်အိုးအိမ်စည်းစိမ်ကို ပါဝင်အကာအကွယ်ပေးပြီး တာဝန်ကျေတဲ့ တပ်မတော်ဖြစ်ဖို့ အထူးသတိပေး တိုက်တွန်းလိုပါ ကြောင်း သံတော်ဉီးဆင့် အပ်ပါတယ်။

လူထုအသံ သျှမ်းသံတော်ဆင့်အသံ

အယ်ဒီတာ့အာဘော်

သျှမ်းသံတော်ဆင့်သတင်းဌာန

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...