နမ့်ဖက်ကာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာ ၆ ရက်) မွန်းလွဲ ၁ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု မန်မိုင်ရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၁ နှစ်ခွဲအရွယ်ရှိ စိုင်းဇင် ဆိုသူ ကလေးငယ်တစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ်ရှိ စိုင်းနော် ဆိုသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“စိုင်းဇင်ဆိုတဲ့ ကလေးက လက်ထိတယ်၊ စိုင်းနော်က ဗိုက်နဲ့လက်ပြင်ထိတာ။ နမ့်ဖက်ကာဘက်က မန်မောင်ရွာဘက်မှာ လက်နက်ကြီးကျတာ။ ဒီနေ့လယ် ၁ နာရီခွဲလောက်က ဖြစ်တာ။ ကွတ်ခိုင်ဆေးရုံကို ဆေးကုဖို့ ကားခေါ်နေတယ်၊ သူတို့နေတဲ့အိမ်ကတော့ လက်နက်ကြီးမှန်ပြီး ဘေးအိမ်တွေလဲ ထိတယ်”ဟု ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာအုပ်စု တုန်ဆင့်အောက်ကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

“တုံဆင့်အောက်ရွာမှာ တိုက်ပွဲလုံးဝမရှိဘဲနဲ့ အိမ်တွေပေါ်၂၈ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ လက်နက်ကြီးကျည် လာကျတာ။ လက်နက်ကြီးက အိမ်ခေါင်းရင်းမှာ လာကျေတာ့ မိသားစု ၆ ယောက် အိပ်နေတာမှာ အမေနဲ့ သမီးက ပွဲချင်းပြီး သေသွားတယ်။ သူ့ရဲ့သားလေးနဲ့ အဖေကတော့ ဆေးရုံတင်လိုက်ရတယ်။ သူ့အဖေကတော့ လက်ပြတ်ပြီး နောက်ကျောဒဏ်ရာနဲ့ ၂၉ ရက် မနက်မှာ ထပ်ဆုံးသွားတယ်။ မနေ့က ဆုံးသွားတဲ့သူတွေအတွက် အသုဘရှု ဆွမ်းရင်လုပ်ပြီးသွားတယ်”ဟု လက်နက်ကြီး ထိမှန်သေဆုံးသွားသော မိသားစုနှင့် ရင်းနှီးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ် တုန်ဆင့်အောက်ကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသူများမှာ ဦးနော်ခမ်း ၄၅ နှစ်၊ ဒေါ်အေးအမ် ၃၂ နှစ်နှင့် အသက် ၇ နှစ်အရွယ်ရှိ ပထမတန်းကျောင်းသူ လွေးအမ်ကြာတို့ဖြစ်ပြီး အသက် ၂ နှစ်အရွယ် မိုင်းအိုက်နွေမှာ နဖူးနှင့်ရင်ဘက် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကွတ်ခိုင်မြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂ ရက်က နမ့်ဖက်ကာရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ရပ်ကွက် ၃ မှ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး မီးရှို့ဖျက်စီးခံရပြီး လူငယ်တစ်ဦးလည်း ဖမ်းဆီးခံရကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ဒီဇင်ဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကွတ်ခိုင်မြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...