ပန်ဆိုင်းမြို့ သံဃာတော်များပါ စစ်ရှောင်နေရ

သျှမ်းပြည် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA ) တို့ တိုက်ပွဲများကြောင့် သံဃာတော်များပါ မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပန်ဆိုင်းမြို့ စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများတွင် အချိန်မရွေးသေဆုံးနိုင်သည့်အတွက် ပြည်သူများအပြင် သံဃာတော်များပါ ကျောင်းဆောင်ကို စွန့်ခွာ၍ (နိုဝင်ဘာလ ၂၂ ရက်) တွင် မူဆယ်မြို့တို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo-Credit ( သံဃာတော်များ စစ်ရှောင်ပုံ)

“ခု ဘုန်းကြီးကျောင်းကို စစ်တပ်က နေရာယူကြတော့ ကျောင်းကို ခုတုံးလုပ်ပြီး တိုက်တာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေ ဘုန်းကြီးတွေ ပြေးနေရတာပေါ့။ လူနေအိမ်မှာရှိတဲ့ ပြည်သူတွေရဲ့ အဝတ်အစားတွေကို ဝတ်ပြီး အရပ်ဝတ် အပြည့်နဲ့ ရုပ်တွေဖြတ်ထားတာကြောင့် ပြည်သူတွေကပါ ကိုယ့်အိမ်မှာ မနေရဲတော့ဘူး”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၊ MNDAA မှ ဒရုန်းများဖြင့် ဗုံးကြဲမှုကြောင့် ဘုန်းကြီးများ စိုးရိမ်သည့် အတွက် စစ်ဘေးရှောင်လာခဲ့ကြောင်း သိရသည်။

Photo-Credit ( သံဃာတော်များ စစ်ရှောင်ပုံ)

“ဟုတ်တယ် ကိုရင်လေးတွေက များတာပေါ့ ဘုန်းကြီးတွေရော စုစုပေါင်း ၈၀ ကျော်တယ်။ အခုတော့ သီလရှင်တွေနဲ့ ပြည်သူတွေ ဝိုင်းပြီး ချက်ပြုတ်ပြီး ကူညီရတာပေါ့။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက် အတွင်းတွင်
ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၂) ရက်၌ ဒရုန်းဗုံးပြုတ်ကျ ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါး ပေါင်နှစ်ဖက် ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကာ၊ အဆောက်အဦး ၃ ခုနှင့် ကား ၂ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Photo-Credit ( သံဃာတော်များ စစ်ရှောင်ပုံ)

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်ကွက် ယနေ့ (နိုဝင်ဘာ ၂၄ ရက်) တွင်လည်း တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးပြီး ကားများပါ ပျက်စီးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း မူဆယ်ခရိုင် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူနေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး နမ့်ခမ်းမြို့နယ်မှ စစ်ဘေး‌ရှောင်ဦးရေ ၆၀၀၀ ကျော်မှာ မြန်မာ – တရုတ် နယ်စပ် နှင့် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

သီပေါတံတားကို ၈ လနီးပါး ပိတ်ထား လူနာပို့ဆောင်ရေး အခက်ကြုံ

0
သျှမ်းပြည် မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်ကော်မရှင်တပ်က ၈ လနီးပါး ပိတ်ထားဆဲဖြစ်သဖြင့် ဒေသခံများ၏ သွားလာရေးနှင့် အရေးပေါ်လူနာများ ပို့ဆောင်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်ကော်မရှင်တပ်နှင့် ကိုကန့်တပ်ဖွဲ့ MNDAA တို့  ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်စပြီး ရက်အကန့်အသတ်မရှိ အပြန်အလှန် ပိတ်ထားခဲ့သည်။  လက်ရှိ အချိန်ထိစစ်ကော်မရှင်က သီပေါတံတားကို ဆက်လက်ပိတ်ထားပြီး မော်တော်ယာဉ်များ ဖြတ်သန်းခွင့်မပြုသေးကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သီပေါတံတားက ပိတ်ထားတုန်းပါ။ ကားကတော့ သွားလာလို့မရဘူး။ လူတွေတော့ အရင်လို လမ်းလျှောက်သွားနေကြရတယ်။ လူနာပို့ရင်တော့ လမ်းလျှောက်ဖြတ်ရတုန်းပဲ။ စက်လှေနဲ့လည်း  ကူးတာတော့ရှိတယ်။”ဟု...

တောင်ကြီး အောင်မြေသစ်ကိုယ်ပိုင်ကျောင်းက မုဒိမ်းကျင့်သည့် ကျောင်းဆရာ ထောင်ဒဏ် (၂၅)နှစ် ချမှတ်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူကို မုဒိမ်းကျင့်ခဲ့သည့် ကျောင်းဆရာကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၅နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅)ရက် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်တွင် ပြန်ကာ...