လားရှိုးရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အခိုင်အမာခံစစ်စခန်းတစ်ခုဖြစ်သည့် မိုင်းကျက်တပ်စခန်းကို စစ်ကောင်စီ လေကြောင်းပစ်ကူပေးနေသည့်ကြားမှပင်နိုဝင်ဘာ၂၃ ရက် ညသန်းခေါင်ယံတွင် TNLA ဘက်မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် ၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မဟာ(၆)နယ်မြေ၊လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်မှစတင် တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ ၂၃ရက် ညသန်းခေါင် ၁၂ နာရီ ၅ မိနစ်အချိန်ခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဟောင်ဝှစ်ဇာအမြှောက်များနှင့် လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“စစ်တပ်က လေကြောင်းကနေ ဗုံး‌ချ ပြီးလက်နက်ကြီးတွေနဲ့ လာကူပစ်‌တာ၊ဒါပေမယ့် ည ၁၂နာရီလောက်မှာ ကျနော်တို့အဖွဲ့က အကုန်ရှင်းလင်းသိမ်းပိုက်မိတယ် စခန်းထဲရှိတဲ့ ဟောင်ဝှစ်ဇာနဲ့ လက်နက်ကြီးတွေပါ ရထားတယ်”ဟု TNLA ရဲဘော်တစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ မိုင်းကျက်နယ်မြေသို့ စစ်ကောင်စီမှ Y12 လေယာဉ်ဖြင့် ဗုံး ၂ကြိမ် ကြဲချခြင်း၊ဂျက်ဖိုက်တာ ဖြင့် ၅ကြိမ်ထက်မနည်း ‌ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဖက်ကျဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး တွင် စတင်ချိန်မှ ယနေ့အချိန်အထိ မြို့ ၈ မြို့နှင့် စစ်ကောင်စီ တပ်စခန်းပေါင်း ၂၁၀ ကျော်ကို ညီနောင်မဟာမိတ်အဖွဲ့များမှ သိမ်းပိုက်ရရှိထားကြောင်း TNLA၏ ထုတ်ပြန်ချက်များအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...