နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့ အပြင်းအထန် ထိုးစစ်ဆင်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန်အတွက် TNLA က မြေပြင်ထိုးစစ်နှင့် ဒရုန်းတို့ဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် ထပ်မံအပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း နမ့်ခမ်းမြို့ ဒေသခံများက ပြောသည်။

နမ့်ခမ်းစခန်းသစ်ကုန်း

“မနေ့ကနဲ့ ဒီနေ့မနက်အထိ ထပ်ပြီး ထိုးစစ်ဆင်နေတုန်းပဲ။ မနေ့ကတော့ တိုက်ပွဲအပြင်းထန်ဆုံးလို့ ပြောရမှာ။ အကုန်လုံးပဲ ပစ်နေကြတာ သေနတ်နဲ့ကော စက်သေနတ်ကြီးကော အိမ်နားမှာဆို ကျည်ဆံခွံတွေကြီးပဲ။ လက်နက်ကြီးကော ဒရုန်းတွေနဲ့ကော TNLA က ပစ်နေတာ။ မနေ့ကတိုက်တာ ပြောရရင်တော့ သေနတ်သံက non-stop လို့ ပြောရမှာ။ စက်သေနတ်သံက တစ်မြို့လုံး ဆူညံနေတာ”ဟု နမ့်ခမ်းမြို့ တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ဒေသခံတစ်ဦးက နိုဝင်ဘာ ၂၃ ရက်နေ့မှာ သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းမှ ပြန်လည်ပစ်ခတ်လာသည့် ကျည်ဆံများသည် သာယာကုန်း၊ အောင်မင်္ဂလာ၊ ကုန်းကလားနှင့် ဟိုနောင်ရပ်ကွက်များအထိ ကျရောက်လာပြီး ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှု များပြားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်သည့် အဆောက်အဦး

“မနေ့က TNLA တပ်က စခန်းသစ်ကုန်းကို ထပ်ပြီးထိုးစစ်ဆင်တာ။ TNLA တပ်က ရပ်ကွက်ထဲ ရွာတွေထဲမှာ နေရာယူပြီး စခန်းသစ်ဘက်ကို ဒရုန်းတွေ လွှတ်တင်တာ။ ဆေးရုံအပေါ်ဘက် ကုန်းပေါ်ကနေလဲ လက်နက်ကြီး ထောင်ပစ်နေတာရှိတယ်။ စခန်းသစ်ကုန်းပေါ်ကိုလဲ မြေပြင်ထိုးစစ်ဆင်တဲ့ TNLA တပ်သားတွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် တိုက်ကြတယ်။ အကျအရှုံးကတော့ တိုက်နေတဲ့ နှစ်ဘက်ကပဲ သိနိုင်မယ်”ဟု နှစ်ဖက်တိုက်ပွဲ အခြေအနေကို နမ့်ခမ်းမြို့ တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ၎င်းဒေသခံက နိုဝင်ဘာ ၂၃ ရက်နေ့မှာ သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နိုဝင်ဘာ ၂၂ ရက် က TNLA တပ်ဖွဲ့မှ စစ်ကောင်စီတပ် စခန်းသစ်ကုန်းသို့ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော TNLA တပ်သားများကို နမ့်ခမ်းမြို့ ဆေးရုံသို့ ခေါ်ဆောင်လာကာ ဆေးကုသပေးပြီး မကြာမီတွင် အခြားနေရာသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည်ထိမှန်သည့် စေတီများ

“နမ့်ခမ်းမြို့ တောင်ဘက်မှာ တောင်ကြောတွေရှိတယ်။ စခန်းသစ်က တောင်ကြောနဲ့ မြို့ကြားထဲမှာ ရှိတာ။ အခုက TNLA တပ်တွေက စခန်းသစ်ထက် ပိုမြင့်တဲ့ တောင်ကြောတွေပေါ်ကနေ မတိုက်ဘဲ အောက်ဘက်က မြို့နေပြည်သူတွေကို အကာအကွယ်ယူပြီး တိုက်နေတာ။ TNLA တပ်ရဲ့ ဒရုန်းတွေလဲ မြို့လယ်ကနေ တစ်နေကုန် တစ်ညလုံး အများကြီး ပျံနေတာ”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇/၁၈ ရက်ကလည်း နမ့်ခမ်းမြို့ စစ်ကောင်စီတပ် စခန်းသစ်ကုန်းအား TNLA တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းသစ် လုံခြုံရေးကုန်းအား သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု TNLA တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးနှင့် ရဲစခန်း အပါအဝင် အခြားသော ရုံးဌာနဆိုင်ရာများကို သိမ်းပိုက်ထားပြီး နမ့်ခမ်းမြို့နယ်ကို အလုံးစုံ ထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိရာ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းအား စစ်ဆင်ရေး ၃ ပတ်ကျော် ကြာသည်အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် နမ့်ခမ်းမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်မှာ မြန်မာ – တရုတ် နယ်စပ်နှင့် မူဆယ်မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...