Wednesday, January 28, 2026

နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့ အပြင်းအထန် ထိုးစစ်ဆင်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန်အတွက် TNLA က မြေပြင်ထိုးစစ်နှင့် ဒရုန်းတို့ဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် ထပ်မံအပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း နမ့်ခမ်းမြို့ ဒေသခံများက ပြောသည်။

နမ့်ခမ်းစခန်းသစ်ကုန်း

“မနေ့ကနဲ့ ဒီနေ့မနက်အထိ ထပ်ပြီး ထိုးစစ်ဆင်နေတုန်းပဲ။ မနေ့ကတော့ တိုက်ပွဲအပြင်းထန်ဆုံးလို့ ပြောရမှာ။ အကုန်လုံးပဲ ပစ်နေကြတာ သေနတ်နဲ့ကော စက်သေနတ်ကြီးကော အိမ်နားမှာဆို ကျည်ဆံခွံတွေကြီးပဲ။ လက်နက်ကြီးကော ဒရုန်းတွေနဲ့ကော TNLA က ပစ်နေတာ။ မနေ့ကတိုက်တာ ပြောရရင်တော့ သေနတ်သံက non-stop လို့ ပြောရမှာ။ စက်သေနတ်သံက တစ်မြို့လုံး ဆူညံနေတာ”ဟု နမ့်ခမ်းမြို့ တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ဒေသခံတစ်ဦးက နိုဝင်ဘာ ၂၃ ရက်နေ့မှာ သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းမှ ပြန်လည်ပစ်ခတ်လာသည့် ကျည်ဆံများသည် သာယာကုန်း၊ အောင်မင်္ဂလာ၊ ကုန်းကလားနှင့် ဟိုနောင်ရပ်ကွက်များအထိ ကျရောက်လာပြီး ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှု များပြားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်သည့် အဆောက်အဦး

“မနေ့က TNLA တပ်က စခန်းသစ်ကုန်းကို ထပ်ပြီးထိုးစစ်ဆင်တာ။ TNLA တပ်က ရပ်ကွက်ထဲ ရွာတွေထဲမှာ နေရာယူပြီး စခန်းသစ်ဘက်ကို ဒရုန်းတွေ လွှတ်တင်တာ။ ဆေးရုံအပေါ်ဘက် ကုန်းပေါ်ကနေလဲ လက်နက်ကြီး ထောင်ပစ်နေတာရှိတယ်။ စခန်းသစ်ကုန်းပေါ်ကိုလဲ မြေပြင်ထိုးစစ်ဆင်တဲ့ TNLA တပ်သားတွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် တိုက်ကြတယ်။ အကျအရှုံးကတော့ တိုက်နေတဲ့ နှစ်ဘက်ကပဲ သိနိုင်မယ်”ဟု နှစ်ဖက်တိုက်ပွဲ အခြေအနေကို နမ့်ခမ်းမြို့ တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ၎င်းဒေသခံက နိုဝင်ဘာ ၂၃ ရက်နေ့မှာ သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နိုဝင်ဘာ ၂၂ ရက် က TNLA တပ်ဖွဲ့မှ စစ်ကောင်စီတပ် စခန်းသစ်ကုန်းသို့ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော TNLA တပ်သားများကို နမ့်ခမ်းမြို့ ဆေးရုံသို့ ခေါ်ဆောင်လာကာ ဆေးကုသပေးပြီး မကြာမီတွင် အခြားနေရာသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည်ထိမှန်သည့် စေတီများ

“နမ့်ခမ်းမြို့ တောင်ဘက်မှာ တောင်ကြောတွေရှိတယ်။ စခန်းသစ်က တောင်ကြောနဲ့ မြို့ကြားထဲမှာ ရှိတာ။ အခုက TNLA တပ်တွေက စခန်းသစ်ထက် ပိုမြင့်တဲ့ တောင်ကြောတွေပေါ်ကနေ မတိုက်ဘဲ အောက်ဘက်က မြို့နေပြည်သူတွေကို အကာအကွယ်ယူပြီး တိုက်နေတာ။ TNLA တပ်ရဲ့ ဒရုန်းတွေလဲ မြို့လယ်ကနေ တစ်နေကုန် တစ်ညလုံး အများကြီး ပျံနေတာ”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇/၁၈ ရက်ကလည်း နမ့်ခမ်းမြို့ စစ်ကောင်စီတပ် စခန်းသစ်ကုန်းအား TNLA တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းသစ် လုံခြုံရေးကုန်းအား သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု TNLA တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးနှင့် ရဲစခန်း အပါအဝင် အခြားသော ရုံးဌာနဆိုင်ရာများကို သိမ်းပိုက်ထားပြီး နမ့်ခမ်းမြို့နယ်ကို အလုံးစုံ ထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိရာ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းအား စစ်ဆင်ရေး ၃ ပတ်ကျော် ကြာသည်အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် နမ့်ခမ်းမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်မှာ မြန်မာ – တရုတ် နယ်စပ်နှင့် မူဆယ်မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...