မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို MNDAA တပ်ဖွဲ့ စစ်သားစုဆောင်းမှု ပြုလုပ်

သျှမ်းပြည် မူဆယ်ခရိုင် မုံးကိုးမြို့အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ဘုန်းကြီးကျောင်းမှ ဆရာတော် အပါအဝင် ဒေသခံပြည်သူများကိုပါ စစ်သားစုဆောင်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် MNDAA တပ်ဖွဲ့သည် မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို လူဝတ်လဲပြီး စစ်သားစုဆောင်းမှု ပြုလုပ်ခြင်း၊ အချို့ဘုန်းကြီးကျောင်းမှ ကိုရင်များ၏ မိဘများသည် ၎င်းတို့၏ သားကို ပြန်လာခေါ်ပြီး ထွက်ပြေးသွားကြောင်း မုံးကိုးဒေသခံ သတင်းရင်းမြစ် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တောင်ပေါ်ကျောင်းက ကိုရင်တွေတော့ ထွက်ပြေးလွတ်မြောက်သွားတာရှိတယ်။ သူတို့ မိဘတွေ လာခေါ်ပြန်သွားတယ်။ လူဝတ်လဲပြီး တခြားနေရာမှာ ထွက်ပြေးသွားတာရှိတယ်။ မိန်းလုံဘုန်းကြီးကျောင်းတော့ မမှီလိုက်ဘူး။ စစ်သားတွေ ဝင်သွားပြီး ကိုရင်တွေကို လူဝတ်လဲပြီး စစ်သားလုပ်ခိုင်းလိုက်တယ်။ ကိုရင်ဘယ်နှပါး လူဝတ်လဲရလဲဆိုတာ အတိအကျတော့ မသိသေးဘူး။ ကျောင်းထိုင် ဆရာတော်ကတော့ တရုတ်ဘက်ကို ထွက်ပြေးသွားပြီလို့ ကြားတယ်။ ဆရာတော်က ဘာမှတောင် မပါသွားလိုက်ရဘူး။” ဟု မုံးကိုးဒေသခံ သတင်းရင်းမြစ် တစ်ဦး က ပြောသည်။

လက်ရှိ MNDAA တပ်ဖွဲ့သည် မုံးကိုးမြို့ ရပ်ကွက်တွင်းရှိ ဒေသခံ အိမ်ထောင်စု စာရင်းများ ကောက်ယူလျက်ရှိပြီး သက်ကြီးပိုင်းများကို ၎င်းတို့တပ်အတွင်း ချက်ပြုတ်ခိုင်းစေကြောင်း သိရှိရသည်။

“ခုတော့ အိမ်ထောင်စုစာရင်းတွေ ရပ်ကွက်တိုင်း ကောက်နေတယ်။ ပြီးရင် ယောကျာ်းလေး ဘယ်နှယောက်ရှိလဲ။ အိမ်မှာနေတာ ဘယ်လောက်ရှိလဲဆိုတာ သူတို့ စစ်ဆေးတယ်။ အိမ်တစ်အိမ်မှာ ယောကျာ်းလေးမရှိရင် မိန်းကလေးယူတယ်။ အမျိုးသားကော အမျိုးသမီးကော လူငယ်တွေမရှိရင် အသက် (၅၀) ကျော် (၆၀) က လူကြီးတွေကို ခေါ်ပြီး သူတို့ဝတ်စုံကိုဝတ်ခိုင်းပြီး သူတို့ကို ချက်ပြုတ်ပေးခိုင်းတယ်။”ဟု သတင်းရင်းမြစ် တစ်ဦး ကပြောသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ကောင်စီ ကို “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် သျှမ်းမြောက် တကြော စစ်ရေးပြင်းထန်မှု ရှိပြီး ဒေသခံပြည်သူ ၅ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရသည်။

MNDAA တပ်ဖွဲ့သည် စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၅၀) ဝန်းကျင် တိုက်ခိုက်နိုင်ခြင်း၊ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ခြင်း၊ လက်ရှိ လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် လောက်ကိုင်မြို့အနီးဝန်းကျင်မှာ MNDAA စစ်အင်အားများ ဖြန့်ကျက်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...