သီပေါမြို့တွင်း လက်နက်ကြီး အရပ်သား ၁ ဦးထိ ပွဲချင်းပြီးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့ရှိ စံဖိတ်ရပ်ကွက်တွင် လက်နက်ကြီး ကျ‌ရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

သီပေါ လက်နက်ကြီးကျ အရပ်သားထိမှန်

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၁၀ နာရီခွဲခန့် သီပေါမြို့ စံဖိတ်ကွက်သစ် ရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၄၉ နှစ်အရွယ်ရှိ ဦးဉာဏ်ဌေး ဆိုသူ ပွဲချင်းပြီး သေဆုံးပြီး၊ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သီပေါ်မြို့ဒေသခံများက ပြောသည်။

“မနက် ၁၀ နာရီ မထိုးခင်လေးတင်ပါ။ အိမ်ခေါင်ကနေ ထိတာ၊ တစ်အိမ်လုံး စုတ်ပြတ်ကုန်တာ။ ဆုံးသွားတဲ့ ဦးလေးက ပေါင်နဲ့ ရင်ဘတ်ကို မှန်သွားတာ၊ ပွဲချင်းပြီးပါပဲ။ မိသားစုဝင်တွေတော့ မထိကြဘူး။ ရပ်ကွက်ထဲက ၄ ယောက်ထိတယ်၊ နောက်တစ်ယောက်လည်း အခြေအနေ မကောင်းဘူး”ဟု သီပေါမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့အနီး TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့် အပြန်အလှန် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် စံဖိတ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ နေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး ထိခိုက်ဒဏ်ရာ ရရှိသည့် အမျိုးသား ၄ ဦးကို လားရှိုးသို့ ဆေးကုသရန် ပို့ဆောင်နေကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် သီပေါမြို့ မုခ်ဦးအကျော်ရှိ စံဖိတ်တံတားအနီး၌ TNLA တပ်ဖွဲ့များ နေရာယူထားပြီး တံတားပေါ်မှ ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ စံဖိတ်ကွက်သစ်ရပ်ကွက်ရှိ ပြည်သူများမှာ တိုက်ပွဲအတွင်း ပိတ်မိလျက်ရှိကာ ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲဖြစ်နေကြောင်း သီပေါဒေသခံများက ပြောသည်။

“လက်နက်ကြီးသံ‌တော့ ဘယ်ဘက်ကမှန်း မသိဘူး၊ အစောပိုင်းကတော့ မြို့ထဲပြေးတဲ့လူပြေးပေါ့။ စံဖိတ်ကျောင်းနဲ့ ရွှေမောင်း သီလရှင်ကျောင်းမှာ ရှောင်နေကြတယ်။ အခုက တံတားလဲ ပေးမဖျက်တော့ ပြေးစရာမြေ မရှိကြဘူး။ TNLA တပ်သားတွေက သင်္ချိုင်းအကူး တံတားနားမှာ နေရာယူထားတာ။ အခုတောင် ရပ်ကွက်ထဲ ပေးမဝင်တော့ဘူး”ဟု သီပေါမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင် ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာ ၁ စီးတို့သည် ကျောက်မဲမြို့သို့ ရောက်ရှိလာပြီး စစ်ကား ၁၀ စီးခန့်မှာ သီပေါမြို့သို့ ဆက်လက်ထွက်ခွာနေသည်ဟု ကျောက်မဲဒေသခံများက ပြောသည်။

နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီမှ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့များသို့ အင်အားဖြည့်တင်းလာသည့် ထောက်ပို့ယာဉ်တန်းကို ဖြတ်တောက်နိုင်ရန်အတွက် ကျောက်မဲနှင့် သီပေါကြားရှိ ကျင်သီတံတားကို TNLA တပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ထက်ပိုင်းကျိုးသွားခဲ့ပြီး သွားလာ၍ မရတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...