လားရှိုး မာရှယ်လော ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက လူ ၄ ဦးထက်မနည်း ပစ်သတ်

သျှမ်းပြည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်က မာရှယ်လော ထပ်မံကြေညာပြီးနောက် စစ်ကောင်စီက အရပ်သား ၄ ဦးထက်မနည်း ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ)မှ လားရှိုးမြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်တွင် မာရှယ်လော စတင်ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် မလိုက်နာသူများကို ဖမ်းဆီးအရေးယူလျက်ရှိရာ တစ်ပတ်အတွင်း လူ ၄ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“သူတို့စစ်တပ်က ညမထွက်ရ ကြေညာပြီးနောက်တစ်ရက် နိုဝင်ဘာ ၁၆ ရက်နေ့ မနက်စောစောမှာ လူ ၂ ယောက် ပစ်သတ်ခံရတယ်။ မနက်ဈေး စောစောသွားတဲ့လူလို့ ပြောကြတယ်။ နောက်တစ်ယောက်က ဗူးခွံလိုက်ကောက်တဲ့လူ။ နောက်ထပ် ၂ ယောက်က နိုဝင်ဘာ ၁၈ ရက်မှာ ပစ်သတ်ခံရတာ။ သူတို့က အလုပ်ကနေ အိမ်အပြန် ဗျူဟာလမ်းမှာ ပစ်သတ်ခံရတာ”ဟု အမည်မဖော်လိုသည့် လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ ဗျူဟာလမ်းတွင် သေနတ်ပစ်သတ်ခံရသူ ၂ ဦးမှာ အလုပ်မှ အိမ်အပြန် အိမ်ခြံဝင်းတံခါးသို့ ရောက်နေစဉ် ည ၆ နာရီကျော် အချိန်ရှိနေ၍ စစ်ကောင်စီတပ်သားများမှ တစုံတရာ မေးမြန်းခြင်းမရှိဘဲ ပစ်သတ်ခဲ့ရာ အိမ်ခြံဝင်းအဝင်ဝတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း လားရှိုးမြို့မှ ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီ၏ သေနတ်ပစ်သတ်ခံရပြီး သေဆုံးသူ ၄ ဦးစလုံးသည် အသက် ၃၀ မှ ၄၀ ကြားရှိ အမျိုးသားများ ဖြစ်သည်ဟု သိရပြီး လားရှိုးမြို့ပေါ်ရှိ ပြည်သူများမှာ ညမထွက်ရ အမိန့်ကြောင့် လတ်တလော သွားလာရေး ခက်ခဲနေကြောင်း လားရှိုးမြို့ဒေသခံများက ပြောသည်။

“ဒီလိုဆိုရင်တော့ ဈေးမှာရောင်းတဲ့ ကုန်စိမ်းသည်တွေ၊ သားငါးရောင်းတဲ့သူတွေ အခက်အခဲ ဖြစ်တာပေါ့။ သူတို့အရင်က အချိန်မသတ်မှတ်တုန်းကတောင် သွားလာရ ခက်နေတာ။ ခုကျတော့ မနက် ၆ ည ၆ ဆို ပိုဆိုးပြီပေါ့။ မနက်ခင်းရောင်းတဲ့ ဈေးသည်လေးတွေဆိုရင် မနက် ၄ နာရီ ကတည်းက ထရတာရှိတယ်။ ဒီပုံစံနဲ့ဆိုရင်တော့ ငတ်ရုံပဲရှိတော့မှာ”ဟု လားရှိုးမြို့မှ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ ညမထွက်ရအမိန့်ကြောင့် ည ၆ နာရီမှစ၍ စစ်ကောင်စီတပ်သားများမှ မြို့တွင်းလမ်းများတွင် ကင်းစောင့်၍ ကားများကို စစ်ဆေးနေပြီး ကားသမားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် ဒေသခံပြည်သူများမှာ သွားလာရေးအတွက် စိုးရိမ်ထိတ်လန့်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးရှိ မန်ခမ်း-နောင်စမ့်တွင် TNLA တပ်ဖွဲ့မှ လမ်းပိတ်ဆို့တားမြစ်ခဲ့ရာ ဒေသခံပြည်သူများမှာ သွားလာရေးခက်ခဲနေသည်ဟု သိရသည်။

အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်တို့တွင်လည်း မာရှယ်လော ကြေညာထားပြီး ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...