လောက်ကိုင် ခမရ-၁၂၉ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်

သျှမ်းပြည် လောက်ကိုင်မြို့အခြေစိုက် ဒကစ လက်အောက်ခံတပ်ရင်းဖြစ်သည့် ခလရ-၁၂၉ တပ်ရင်း တစ်ရင်းလုံးသည် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)တွင် လောက်ကိုင်မြို့နယ် ညံခွမ်း(ရန်ခွမ့်)ရွာတွင် အခြေစိုက်သည့် ခလရ-၁၂၉ (မူရင်းထုတ်ပြန်ချက် ခမရ-၁၂၉) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များ အားလုံးက ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ (နိုဝင်ဘာ ၁၄ ရက်)တွင် သတင်းထုတ်ပြန်လာသည်။

ခလရ-၁၂၉ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့် မိသားစုဝင် ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့က ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ခြင်းကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တပ်သား ၁ ဦးလျှင် ၁၀ သိန်းနှင့် မိသားစုဝင်တစ်ဦးလျှင် ၁ သိန်းကျပ်စီ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းတို့သွားလိုသည့် နေရာအသီးသီးသို့လည်း လုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

လက်ရှိအချိန်ထိ ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာကြသည့် အရေအတွက်မှာ ၂၀၀ ကျော်အထိ ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့ရင်ခွင်သို့ ထပ်မံ ဝင်ရောက်လာမည့် စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များအား မည်သည့် ညှဉ်းပန်းနှိပ်စက်မှုမျိုးမှ မပြုလုပ်ဘဲ အသက်လုံခြုံရေးကို အာမခံကာ လူ့ဂုဏ်သိက္ခာ မထိခိုက်အောင် ကူညီဆောင်ရွက်ပေးမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။

အလားတူ လွန်ခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ကွမ်းလုံမြို့ ကာမိုင်းဒေသရှိ ခလရ-၁၄၃ မှ ဒု-တပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့အင်အား ၄၁ ဦးတို့ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း ကိုးကန့်မီဒီယာမှ ထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်တွင် ခလရ-၁၂၅ (ကုန်းကြမ်း)၊ ခလရ-၁၂၈ (ပါစင်ကျော်)၊ ခလရ-၁၂၉ (ညံခွမ်း)၊ ခလရ-၂၃၉ နှင့် ခလရ-၃၂၂ ဟူ၍ တပ်ရင်း ၅ ခုရှိရာ စစ်ကောင်စီက လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကျင့်သုံးရန် နိုဝင်ဘာ ၁၂ ရက်နေ့က ကြေညာအပြီး ယခုကဲ့သို့ ခလရ-၁၂၉ တပ်ရင်း တစ်ရင်းလုံးသည် ညီနောင်မဟာမိတ်ထံ လက်နက်ချ အလင်းဝင်ရောက်လာခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ “၁၀၂၇ စစ်ဆင်ရေး” စတင်ဆင်နွှဲပြီး ၁၈ ရက်တာ ကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၆၀ ကျော်နှင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီ၊ နမ့်ခမ်း၊ ကွမ်းလုံမြို့တို့ကို ထိန်းချုပ်ထားနိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့တွင် စစ်သည်အင်အား အလွန်ချို့တဲ့နေပြီး တပ်ရင်း ၁ ရင်းလျှင် လူ ၁၀၀ ခန့်သာ ကျန်ရှိပြီး ထွက်ပြေးသူ၊ သေဆုံးသူများလည်း နေ့စဉ်နှင့်အမျှ ဆက်တိုက်တိုးပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...