စစ်ရေးအရ နယ်မြေကျူးကျော်လာပါက ကိုင်တွယ်ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ UWSA ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ကောင်စီတပ်အ‌ပေါ် ရုတ်တရက်ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြောင့် “ဝ”ဒေသအတွင်းရှိ နယ်မြေနှင့်လေပိုင်နက်တို့ကို စစ်ရေးအရ ကျူးကျော်မှုများ ရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု “ဝ”ပြည် သွေးစည်းညီညွတ်‌ရေးပါတီ (UWSP/UWSA)က ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် သတင်းထုတ်ပြန်လာသည်။

UWSA တပ်သားများ

လက်ရှိဖြစ်ပွားနေသော ကိုးကန့်ဒေသရှိ လက်နက်ကိုင် ပဋိပက္ခများကို “ဝ”တပ်ဖွဲ့ UWSP အနေဖြင့် ဘက်မလိုက်ဘဲ အင်အားစုအသီးသီးက အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ဆောင်ပြီး ပြဿနာကို ဖြေရှင်းရန် တောင်းဆိုထားသည်။

“ဝ”တပ်ဖွဲ့ UWSP အနေဖြင့် “ဝ”ဒေသရှိ နယ်မြေလုံခြုံရေးနှင့် အရပ်သားများ၏ အသက်နှင့် ဥစ္စာပစ္စည်း လုံခြုံမှုရှိစေရေးတို့ကို ခြွင်းချက်မရှိ အကာအကွယ်ပေးမည်ဖြစ်ပြီး နယ်မြေနှင့်လေပိုင်နက်တို့ကို စစ်ရေးအရ ကျူးကျော်မှုများ ရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အခက်အခဲနှင့် စိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်လာပြီး ပဋိပက္ခများကြောင့် ပြည်သူအများအပြား ထွက်ပြေးနေရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

UWSA စစ်ရေး

ကိုးကန့်တပ်ဖွဲ့ MNDAA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “စစ်ဆင်ရေး-၁၀၂၇” စတင်သည့် ပထမရက်ကတည်းက ချင်းရွှေဟော်မြို့၏ အရှေ့တောင်ဘက်ခြမ်းရှိ “ဝ”နယ်မြေတစ်ခုဖြစ်သည့် နမ့်တစ်မြို့တွင် ချင်း‌ရွှေဟော်၊ လောက်ကိုင်မြို့တို့မှ စစ်ဘေးရှောင် ဒေသခံ ၅၀၀၀ ကျော်ကို ကူညီပေးထားသည်ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်မီဒီယာတစ်ခုနှင့် အင်တာဗျူးဖြေစဉ်အတွင်း “ဝ”နှင့် မိုင်းလားဒေသတို့ကို တရားဥပဒေနှင့်အညီ နေထိုင်ရန်၊ ၎င်းဒေသအတွင်း မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့များဖြစ်သည့် ရဲ၊ လဝက၊ အကောက်ခွန်တို့ကို ပေးဝင်ရန် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ဖိအားပေးရန်တို့ကို ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...