သိန္နီမြို့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင် ၁ ဦး ထပ်မံသေဆုံး၊ အမျိုးသမီးအပါအဝင် ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ကောင်စီမှ ရမ်းသမ်းပစ်လိုက်သည့် လက်နက်ကြီးသည် စစ်ဘေးရှောင်စခန်းအတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် စစ်ဘေးရှောင် ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရသည်ဟု စုံစမ်းသိရသည်။

သိန္နီ စစ်ရှောင်

ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) ညနေပိုင်းအချိန်က သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပြီး အမျိုးသမီး အပါအဝင် ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိန္နီမြို့ရှိ စစ်ဘေးရှောင်ပြည်သူများက ပြောသည်။

“သိရသ‌လောက်တော့ ၁ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ပြောတယ်။ ကျတော်တို့နဲ့ သူတို့က ကျောင်းအောက်ဘက်မှာ အတူတူနေကြတာ။ သူတို့က ဘုန်းကြီးကျောင်းအပေါ်ဘက်ကို တက်သွားကြည့်တာ၊ အဲ့တာနဲ့ သူတို့ကို လက်နက်ကြီးလာမှန်တာ။ လက်နက်ကြီးက ညနေပိုင်းကျတာ။ ဆုံးသွားတဲ့လူက အသက်ကတော့ ၃၀ အရွယ်လောက်ရှိမယ်၊ ငယ်သေးတယ်”ဟု ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA တပ် သိန္နီသိမ်းပိုက်ခဲ့ပုံ

ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) တစ်ရက်တည်းတွင် ကျောင်းခမ်းစစ်ဘေးရှောင် စခန်းအတွင်း လက်နက်ကြီး ၂ ကြိမ် ကျရောက်ခဲ့ပြီး လက်ရှိအချိန်ထိ မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံး ရှိနေသေးသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“မနေ့က ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ၂ လုံးကျတာ။ ပထမတစ်လုံးကျတာက ခုနကပြောတဲ့ လူတွေကို မှန်တယ်။ ဒုတိယတစ်လုံး ထပ်ကျတာက မပေါက်ကွဲသေးဘဲ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိနေသေးတယ်။ အခုလဲ လက်နက်ကြီးအသံတွေ ကြားနေရတယ်။ ဖုန်းလိုင်းလဲ ရတစ်ချက် မရတစ်ချက်နဲ့။ ဖုန်းနဲ့ ဓာတ်ပုံလိုက်ရိုက်ရင်လဲ သူတို့ဖမ်းတယ်”ဟု ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်)က သိန္နီမြို့ပေါ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး သိန္နီမြို့ဝင်တံတားလည်း ဖောက်ခွဲဖျက်စီးခံရကာ နေ့လယ် ၁၁ နာရီအချိန်တွင် သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်ထားသည်။

“အခုက သိန္နီတံတားကြီးလဲ ကျိုးသွားတော့ လားရှိုးဘက်က လူတွေလဲ ဒီကို လာလှူလို့ မရတော့ဘူးလေ။ မြို့ထဲကလူတွေ လာလှူတာက ဘယ်လိုမှ မလောက်နိုင်ဘူး ဖြစ်နေတာ။ တစ်ဆောင်နည်းနည်းစီ ခွဲလိုက်ရင်တောင် ဘာမှမရှိတော့ဘူး။ လူအရမ်းများတော့ ဘယ်လိုမှ ဝေလို့မလောက်နိုင်ဘူး”ဟု သိန္နီမြို့ စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သိန္နီမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး အချို့သော စစ်ဘေးရှောင်စခန်းများမှာ စစ်ကောင်စီတပ်နှင့် နီးကပ်နေသဖြင့် လုံခြုံရေးအခြေအနေကြောင့် မည်သူမှ အပြင်သို့ မထွက်ရဲကြဘဲ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးသူကိုပင် မြေမြှုပ်သင်္ဂြိုဟ်နိုင်ခြင်း မရှိသေးဟု သိရသည်။

သိန္နီမြို့နယ် ကျောင်းခမ်း စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာပြီး ယမန်နေ့ (အောက်တိုဘာ ၂၈၊ ၂၉ ရက်)တို့က မန်မိုင်အုပ်စု ကျောင်းခမ်းရွာနေ ဦးဆံထွန်း ဆိုသူ အမျိုးသားတစ်ဦးနှင့် ကုန်းဟော်အုပ်စုမှ ဦးစိုင်းဖူး ဆိုသူ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့သေးသည်။

လက်ရှိအချိန်တွင် သိန္နီမြို့နယ်အတွင်း မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် အကူအညီများ မရောက်ရှိနိုင်ဘဲ စားနပ်ရိက္ခာနှင့် သောက်ရေသန့်များ အရေးပေါ်လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...