စစ်ကောင်စီ တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်

သျှမ်းပြည် ကွမ်းလုံမြို့ တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်သော (ရမလ) လက်အောက်ခံ တပ်ရင်း ဖြစ်သည့် (ခလရ ၁၄၃) သည် ညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ထံ လက်နက်ချ အလင်းဝင် ရောက်လာကြောင်း The Kokang မှထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်နက်ခဲယမ်း

ညီနောင်မဟာမိတ် ၃ဖွဲ့ ထံလက်နက်ချ အလင်းဝင်လာသည်မှာ ၄၁ ဦးရှိပြီး ဒု-တပ်ရင်းတပ်မှူးချုပ် ၁ ဦး နှင့် တပ်ခွဲမှူး ၂ ဦး ပါဝင်ကြောင်း ထိုအလင်းဝင်ရောက်လာသော ၄၁ ဦးကို တစ်ဦး လျှင် လမ်းစရိတ် ၁၅ သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်) ပေးပြီး လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ မှ စစ်ကောင်စီတပ်ရင်းကို အလင်းဝင် ရောက်ဖို့ ဆွေးနွေးခဲ့ပြီးနောက်၊ အောက်တိုဘာလ ၃၀ ရက်တွင် ခလရ ၁၄၃ တပ်ဖွဲ့ ဝင်များက အလင်းဝင်ရောင်လာခဲ့သည်။စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့ကြောင်း The Kokang မှ သတင်းထူးအနေဖြင့် ထုတ်ပြန်ခဲ့သည်။

“ ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ယခုကဲ့သို့ တပ်ရင်း(၁)ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ”ဟု MNDAA ၏ ရှေ့တန်းအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

ထိုပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ နီးစပ်ရာ ဆက်သွယ်ပြီး လက်နက်နှင့်အတူ လက်နက်ချ အညံ့ခံ ကြသော သူများကို မိသားစု၊ ဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်းများ ထံသို့ ဆက်သွယ်၍ လွတ်မြောက်ရန် ကူညီ ဆောင်ရွက်ပေးပြီး လွတ်မြောက်သွားလူများလည်း အမြောက်အမြားရှိကြောင်း သိရသည်။

စစ်ဆင်ရေးစသည့်ရက်မှ စ၍ စစ်ကောင်စီမှ အလင်းဝင်ရောက်လာခဲ့သူ ၁၀၀ ကျော် အထိရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၃၁ ရက်နေ့မှ မြန်မာအမျိူးသား ဒီမိုကရက်တစ် တပ်မတော် MNDAA ၊ တအာင်း အမျိုးသား တပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က အလင်းဝင်ရောက်ရန်အတွက် အထူး တိုက်တွန်းချက်အနေဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး စတင်ဆင်နွှဲပြီး ၅ ရက်တာကာလ အတွင်း စစ်ကောင်စီ၏ စခန်းကြီး၊စခန်းငယ်၊ စစ်ဖက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော် အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့နေပြီး တပ်ရင်း (၁) ရင်းလျှင် လူ အင်အား (၁၀၀) ခန့်သာ ရှိပါတော့သည်။ ထို့ပြင် ထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဉ်နှင့်အမျှ ဆက်တိုက်တိုးများနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...