တာချီလိတ် မြို့တွင်း ရေကြီး

သျှမ်းပြည် တာချီလိတ်မြို့တွင် အချိန်အခါမဟုတ်ဘဲ ရွာသွန်းသည့်မိုးကြောင့် မယ်ခေါင်ချောင်းရေလျှံပြီး မြို့တွင်း၌ ရေကြီးနေကြောင်း စုံစမ်းသိရသည်။

တာချီလိတ်ရေကြီး

ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်) ညတွင် အချိန်အခါမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်မှစ၍ တာချီလိတ်မြို့တွင် မယ်ခေါင်ချောင်းရေလျှံပြီး မြို့တွင်းရှိ လမ်းများပေါ်၌ ရေကြီးရေလျှံနေကြောင်း တာချီလိတ်ဒေသခံများက ပြောသည်။

“နမ့်မယ်ခေါင် ရေကြီးနေတာ။ မနေ့ညက တစ်ညလုံး မိုးကြီးတော့ ရေတက်လာတာ။ ကျိုင်းတုံဘက်ကနေလာတဲ့ မြို့အဝင်တံတားကနေ ရေစကြီးနေတာ။ မြို့ထဲက လမ်းတွေမှာတော့ ဒီမနက်ကစပြီး ရေတက်လာတာ။ အခု တစ်မြို့လုံးရေကြီးနေပြီ။ ဒီည မိုးထပ်ရွာရင်တော့ ပိုဆိုးပြီ”ဟု တာချီလိတ်ဒေသခံ စိုင်းဆေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်ရေကြီးရေလျှံ

လက်ရှိတွင် မြို့တွင်းလမ်းမကြီးတစ်လျှောက် ရေကြီးရေလျှံဖြစ်နေပြီး အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များတွင် ရေဝင်ရောက်နေပြီဟု တာချီလိတ်ဒေသခံများက ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ် နှင့် မိုင်းဆတ်မြို့နယ်တို့တွင် ယခုနှစ်ရေကြီးမှုသည် ယခင်ကထက် ပိုမိုများလာကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ ပိုင်း တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တုတူးဖော်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြသဖြင့် သဘာဝ ပတ်ဝန်းကျင်များသည် ယခင်ကထက် ပျက်စီးကာ မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပြီး၊ နွေရာသီတွင် ရေခန်းခြောက်မှုကို ပြည်သူများ မကြာခန ကြုံတွေ့လာရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...