ပန်ဆိုင်းမြို့ စစ်တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကို ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့် MNDAA မှ ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန် နေကြောင်း စုံစမ်းသိရှိရသည်။

ပန်ဆိုင်း လက်နက်ကြီးထိမှန်သည့် အဆောက်အဦး

ယနေ့ (အောက်တိုဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်မှစပြီး ပန်ဆိုင်းမြို့ (ကြူကုတ်) ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကုန်း နှင့် အသီတိစေတီဘုရားပေါ် (ဒေသအခေါ်) တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကိုးကန့် MNDAA မှ ဒရုန်းဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပန်ဆိုင်းမြို့ စစ်ကောင်စီ တပ်စွဲထားသည့်နေရာ

ထိုသို့ စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ၎င်းတို့မှလက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ အနီးတဝိုက်ရှိ အရပ်သားနေအိမ် ၂ လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“ တစ်လုံးပြီး တစ်လုံး ဒုရုန်းနဲ့ကြဲနေတာပဲ။ စစ်ကောင်စီဘက်က လက်နက်ကြီး ပြန်ပစ်နေတယ်။ သူတို့ပစ်တာ နေအိမ်ပေါ်ကို လာကျတာ။ ကျနော်တို့ အိမ်လည်း ကျည်စတွေလာမှန်တယ်။ မှန်တွေတောင်ကွဲတယ်။ ဒီနေ့တော့ နေအိမ်ပေါ် လက်နက်ကြီးကျတာ ၂ လုံးရှိပြီ “ ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိသတင်းရေးသားချိန်ထိ နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေလျက်ရှိပြီး ဒေသခံများသည် အိမ်တွင်းမှ အိမ်ပြင်သို့ မထွက်ရဲကြကြောင်း ၎င်းကဆက်ပြောသည်။

တိုက်ပွဲသည် ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) မှစ၍ ညီနောင်မဟာမိတ်တို့က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး စစ်တပ်စခန်းကို သိမ်းပိုင်နိုင်သည့် အခြေအနေထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...