Wednesday, January 28, 2026

ပန်ဆိုင်းမြို့ စစ်တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကို ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့် MNDAA မှ ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန် နေကြောင်း စုံစမ်းသိရှိရသည်။

ပန်ဆိုင်း လက်နက်ကြီးထိမှန်သည့် အဆောက်အဦး

ယနေ့ (အောက်တိုဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်မှစပြီး ပန်ဆိုင်းမြို့ (ကြူကုတ်) ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကုန်း နှင့် အသီတိစေတီဘုရားပေါ် (ဒေသအခေါ်) တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကိုးကန့် MNDAA မှ ဒရုန်းဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပန်ဆိုင်းမြို့ စစ်ကောင်စီ တပ်စွဲထားသည့်နေရာ

ထိုသို့ စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ၎င်းတို့မှလက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ အနီးတဝိုက်ရှိ အရပ်သားနေအိမ် ၂ လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“ တစ်လုံးပြီး တစ်လုံး ဒုရုန်းနဲ့ကြဲနေတာပဲ။ စစ်ကောင်စီဘက်က လက်နက်ကြီး ပြန်ပစ်နေတယ်။ သူတို့ပစ်တာ နေအိမ်ပေါ်ကို လာကျတာ။ ကျနော်တို့ အိမ်လည်း ကျည်စတွေလာမှန်တယ်။ မှန်တွေတောင်ကွဲတယ်။ ဒီနေ့တော့ နေအိမ်ပေါ် လက်နက်ကြီးကျတာ ၂ လုံးရှိပြီ “ ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိသတင်းရေးသားချိန်ထိ နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေလျက်ရှိပြီး ဒေသခံများသည် အိမ်တွင်းမှ အိမ်ပြင်သို့ မထွက်ရဲကြကြောင်း ၎င်းကဆက်ပြောသည်။

တိုက်ပွဲသည် ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) မှစ၍ ညီနောင်မဟာမိတ်တို့က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး စစ်တပ်စခန်းကို သိမ်းပိုင်နိုင်သည့် အခြေအနေထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...