သိန္နီမြို့နယ်အတွင်း (၃) ရက် ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက် ဆက်သွယ်ရေး အခက်အခဲဖြစ်

သျှမ်းပြည် သိန္နီမြို့နယ်အတွင်း (၃) ည ဆက်တိုက် လျှပ်စစ်မီးပြတ်တောက်သည့်အတွက် ဒေသခံ ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ တို့ ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက် မှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည့်အတွက် ယနေ့ (အောက်တိုဘာ ၂၉) ရက် လက်ရှိ သတင်းရေးသားနေသည့်အချိန်ထိ လက်ခတ်မှု ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၇) ရက် ညမှ ယနေ့ (အောက်တိုဘာ ၂၉) ရက်ထိ လျှပ်စစ်မီး မရရှိသည့်အပြင် ဖုန်းလိုင်းများလည်း Mytel မှ လွှဲပြီး အခြားလိုင်းများ လိုင်းဖြတ်ထားကြောင်း သိရှိရသည်။

“မီးက (၃) ရက် ဆက်တိုက်ပြတ်နေပြီ။ ခု စစ်ရှောင်စခန်းမှာ ဆိုလာမီးတွေ နဲ့ အသုံးပြုနေရတယ်။ ကျမတို့ ဖုန်းအားကိုလည်း ချွေတာသုံးနေရတယ်။ Mytel လည်း ဖုန်းလိုင်းမကောင်းဘူး။ အချင်းချင်း ဆက်သွယ်ဖို့ ခက်နေတယ်။ ခု ကျမတို့ စစ်ရှောင်အခြေအနေက တိုက်ပွဲ ဒီထက်ကြာသွားရင် အစားအသောက် ခက်ခဲသွားနိုင်တယ်။ ခုချိန်ထိ ကိုယ့်စားနပ်ရိက္ခာနဲ့ ကိုယ် တောင့်ခံနိုင်ကြသေးတယ်။” ဟု ကျောင်းခမ်း စစ်ရှောင်စခန်းမှာ စစ်ရှောင်နေသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ စစ်ရှောင်စခန်းတွင် သောက်သုံးရေ အသုံးပြုရန်အတွက် ကျောင်းတွင်း မီးစက်ကို အသုံးပြုနေသော်လည်း ဒီဇယ် ဝယ်ရန် အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။

“ဒီဇယ်က ပြတ်တော့မယ်။ ထွက်ဖို့ဝယ်ကလဲ အခက်အခဲဖြစ်နေတယ်။ ခုချိန်ထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတုန်းပဲ။ စက်သေနတ်သံတွေလည်း ကြားနေရတယ်။ ကောလဟာလ သတင်းတွေမတင်ကြပါနဲ့လို့ တောင်းဆိုချင်တယ်။ ခုချိန်ထိ သိန္နီ တစ်မြို့လုံးကို ဘယ်အဖွဲ့ကမှ အကုန်မသိမ်းနိုင်သေးပါဘူး” ဟု သိန္နီဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောသည်။

လက်ရှိ သိန္နီမြို့နယ်အတွင်း (၃) ရက်အတွင်း တိုက်ပွဲပြင်းထန်သည့်အတွက် စစ်ရှောင်စခန်း လက်ရှိ (၆) ခု ဖွင့်လှစ်ထားသော်လည်း စစ်ရှောင်စာရင်း အတိအကျ မရရှိသေးကြောင်း၊ လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာ ရပြည်သူများ စာရင်းအတိအကျ မသိရှိရသေးကြောင်း သိန္နီဒေသခံ သတင်းရင်းမြစ်တစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန် သျှမ်းမြောက် တကြော ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားနေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေပြီး တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...