သျှမ်းမြောက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ဗိုလ်ကြီးအပါအဝင် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းနှင့်အတူလက်နက်ခဲယမ်း အများအပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း BPLA မှထုတ်ပြန်ထားသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအချိန်မှစပြီး သျှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားရာနေရာတစ်ခုသို့ တပ်မ (၃၃) လက်အောက်ခံတပ်ရင်း ဖြစ်သည့် စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃)မှ အင်းအား (၇၀) ခန့်ဖြင့် ချဉ်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

တစ်ရက်သာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးနေလင်းအောင် အပါအဝင် စစ်သုံ့ပန်း (၃) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း ဆိုသည်။

ထို့ပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော် (၄) ဦးကျဆုံးပြီး (၆) ဦးထိခိုက် ဒဏ်ရာရရှိသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲနှင့်နီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားပြီး ပြည်သူများကို ဓားစာခံလုပ်ကာ နေအိမ်အတွင်း ပုန်းအောင်းနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များကိုလည်း ရှင်းလင်းခဲ့ရကြောင်း ရေးသားဖော်ပြထားသည်။

ယနေ့ (အောက်တိုဘာလ ၂၉) ရက် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“ အခုထိတော့ အသံကြားနေတုန်းပဲ။ သူတို့ပစ်နေကြတာ အိမ်ပြင်ကိုမထွက်ရဲဘူး “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်) တွင် ကနဦး တိုက်ခိုက်မှုတစ်ခုတွင်လည်း စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကာ ရိုင်ဖယ်သေနတ် (၇)လက်နှင့် အခြားပစ္စည်းများကို BPLA မှ သိမ်းဆည်းရထားကြောင်း ဆိုသည်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် သုံးဖွဲ့သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) ဦးဆောင်၍ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA )နှင့် ပူးပေါင်းတော်လှန်ရေး PDF တပ်ရင်းအချို့ ပူးပေါင်းပါဝင် တိုက်ခိုက်ပေးလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...