လားရှိုးမြို့ (၂) ည ဆက်တိုက် လက်နက်ကြီးသံ ပစ်ခတ်မှု ပြည်သူစိုးရိမ်ထိတ်လန့်

သျှမ်းပြည် လားရှိုးမြို့အတွင်း (၂) ည ဆက်တိုက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရှိရသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီတို့ အောက်တိုဘာ (၂၇) ရက် နံနက် (၄) နာရီကစပြီး သျှမ်းပြည်မြောက်ပိုင်း တကြော လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်ရှိ အောက်တိုဘာ (၂၈) ရက် ည အထိ (၂) ရက် ဆက်တိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

“လားရှိုးမှာက ၂ ည ဆက်တိုက် လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ကြတာ။ သူတို့ တစ်ခါတစ်ခါ ပစ်ရင် အိမ်တောင် တုန်သွားတယ်။ သူတို့ လက်နက်ကြီးတွေ နေအိမ်ခြံဝန်းထဲ မကျဖို့ပဲ ဆုတောင်းနေတာ။” ဟု လားရှိုးမြို့ခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂ ရက်ဆက်တိုက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားမှုကြောင့် လားရှိုးမြို့နယ်အနီးရှိ ကျေးရွာအုပ်စုမှ ဒေသခံများ လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ထွက်ပြေးလာသူ ၃ထောင်ကျော် ရှိပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် စာရင်းအရ လားရှိုး စစ်ရှောင် (၃၀၀၀) ကျော်ရှိသည်။

အလားတူ ညီနောင်မဟာမိတ် (၃) ဖွဲ့ စစ်ဆင်ရေးကြောင့် သျှမ်းပြည်မြောက်ပိုင်း တကြော (၂) ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ချင်းရွှေဟော်၊ သိန္နီမြို့နယ် ၊ ကွတ်ခိုင်မြို့နယ် စသည့် မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းတစ်ချို့ကို ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီဘက်မှ အကျအဆုံးများနေသဖြင့် တိုက်လေယာဥ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း မြေပြင် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည့်အတွက်ကြောင့် မြို့နယ်အချို့ ဖုန်းလိုင်း ပြတ်တောက်နေပြီး စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးလိုင်းဖြစ်သည့် Mytel မှလွှဲပြီး အခြား ဆက်သွယ်ရေးလိုင်းများ မရရှိပေ။

“ဖုန်းလိုင်း အင်တာနက်လိုင်းမရတဲ့အတွက် ကျမတို့ အိမ်က မိသားစုကို စိတ်ပူနေတယ်။ ခုက တိုက်ပွဲအတွင်းဖြစ်နေတယ်ဆိုတော့ ဘာမှမဖြစ်ဖို့ အဝေးကနေ ဆုတောင်းပေးရုံမှ လွှဲပြီး ဘာမှ လုပ်လို့မရဘူး။ ကျမတို့ အွန်လိုင်းကနေ ဗီဒီယိုတွေ တွေ့လိုက်ရင် အရမ်းစိုးရိမ် ထိတ်လန့်နေရတယ်။ အိမ်ကိုလည်း အရမ်းစိတ်ပူနေတယ်။ အွန်လိုင်းပေါ်မှာက တခုပြီး တစ်ခုပြောနေကြတော့ ဘယ်တစ်ခု က အတည်ယူရမှန်း မသိဘူးဖြစ်နေတယ်။” တခြားမြို့နယ်မှ နေပြီး သိန္နီမြို့နယ်ရှိ မိသားစုဝင်အတွက် စိုးရိမ်နေသူ တစ်ဦး ကပြောသည်။

တိုက်ပွဲအတွင်း ကောလဟာလ သတင်းများ လျင်မြန်စွာ ပြန့်နှံ့မှုဖြစ်ပြီး ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာမှ လွှဲပြီး ကျန်သည့် ဆိုရှယ်မီဒီယာပေါ်မှ သတင်းများကို အယုံမလွယ်ကြရန်နှင်​့ သတိဝီရိယ ရှိကြရန် အဆိုပါသူက ပြောဆိုထားသည်။

သျှမ်းမြောက်တကြော ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ တို့ဖြစ်ပွားသည့် တိုက်ပွဲသည် ဆက်လက်ပြီး မပြင်းထန်ရန်အတွက်လည်း ပြည်သူများက ဆုတောင်းနေလျက်ရှိသည်။

သျှမ်းမြောက် တကြော လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲသည် မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း စီးပွားရေးအချက်အချာ ဖြစ်သည့် မြို့နယ်များလည်း ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...