Tuesday, April 30, 2024

ကျိုင်းတောင်းမြို့ နေအိမ်ခြံဝင်းထဲ မီးတိုင်စိုက်ထူ၊ ခြံဆုံးရှုံးမည်ကို ဒေသခံများစိုရိမ်

Must read

သျှမ်းပြည် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ရှိ လူနေအိမ်ရပ်ကွက်အတွင်း မီးဓာတ်တိုင်စိုက်ထူရာတွင် ဒေသခံနေအိမ်ခြံဝင်းထဲ တိုးချဲစိုက်ထူလာသောကြောင့် ခြံဝင်းဆုံးရှုံးမည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် (အောက်တိုဘာ) လဆန်းပိုင်းမှစပြီး ကျိုင်းတောင်မြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအတွင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်မီးဌာနမှ လျှပ်စစ်မီးသွယ်တန်းရန်အတွက် မီးဓာတ်တိုင်စိုက်ထူရာတွင် ဒေသခံများ၏ နေအိမ်ခြံဝင်းအထိ တိုးချဲ့စိုက်ထူလာသောကြောင့် နေအိမ်၏ ခြံဝင်း ဆုံးရှုံးမည်ကို စိုးရိမ်နေကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“ အခုသူတို့မီးတိုင်စိုက်တာ နေအိမ်ခြံဝင်းထိ ရောက်နေတယ်။ သူတို့လာမစိုက်ခင်တုန်းကတော့ ရွာသားခေါ်ပြီး လမ်းဧရိယာတိုးချဲမယ်၊ မီးတိုင်စိုက်မယ်။ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး ပူးပေါင်းဖို့ ပြောနေတာပဲ။ အခုအိမ်ခြံဝင်းထဲ ရောက်နေတဲ့မီးတိုင်က ကြာလာရင် ကိုယ့်အိမ်ခြံပါသွားမှာပဲ ကြောက်တယ် “ ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခင် လမ်းမကြီး ဧရိယာသည် ၁၅ ပေသာ ကျယ်ဝန်းသော်လည်း လက်ရှိမှာ လမ်းဧရိယာကို ၅ ပေ ထပ်မံတိုးချဲလာခဲ့ပြီး မီးဓာတ်တိုက်စိုက်ထူခြင်း ဖြစ်သည်။

လက်ရှိ ကျိုင်းတောင်မြို့ပေါ်ရှိ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၅ အတွင်း မီးဓာတ်တိုင်များ စိုက်ထူးထားလျက်ရှိပြီး ကျန်သည့်ရပ်ကွက်များလည်း စိုက်ထူရန်ပြင်ဆင်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article